Speed Up apt-get Downloads With apt-fast [Ubuntu PPA]
Apt-fast သည် ပိုမိုကောင်မွန် လျှင်မြန်သော connection ဖြင့် download accelerator များဖြစ်သော Axel or Aria2c တို့ဖြင့် command line မှ အလျှင်အမြန် Package များကို download ဆွဲသော script ဖြစ်ပါသည်။
Install apt-fast ( apt-fast ထည့်သွင်းခြင်း)
Ubuntu အသုံးပြုသူများအနေဖြင့် နောက်ဆုံးထွက် တည်ငြိမ်မှုရှိသော apt-fast official PPA ကိုအောက်ပါအတိုင်း ထည့်သွင်းနိုင်ပါသည်။
sudo add-apt-repository ppa:apt-fast/stable
sudo apt-get update
sudo apt-get install apt-fast
apt-fast configuration
Ubuntu တွင် PPA : အနေဖြင့် apt-fast ကိုထည့်သွင်းလျှင် မည့်သည့် download manager ( axel or aria2c )ဖြင့် download ပြုလုပ်မည်ကို ပြုပြင်ရန်အတွက် အောက်ပါ command ကိုအသုံးပြုနိုင်ပါသည်။
sudo dpkg-reconfigure apt-fast
aria2c download tool ကိုအသုံးပြုရန် apt-fast developers များမှအကြံပြုထားကြသည်မှာ အဘယ့်ကြောင့်ဆိုသော် download လုပ်ထားသော package များကို resume (download ဆွဲပြီးသည့်နေရာ) အနေဖြင့်အထောက်အပံ့ ပေးသောကြောင့်ဖြစ်သည်။
အခြားသော linux distributions များ အနေ ဖြင့် apt-fast ထည့်သွင်းရန် Github မှ download ပြုလုပ်နိုင်သည်။
Using apt-fast (apt-fast အသုံးပြုခြင်း)
apt-fast သည် apt-get ကဲ့သို့ “sudo apt-get install ” အစား ” sudo apt-fast install PACKAGE “ဟု ပြောင်းလဲအသုံးပြုနိုင်ပါသည်။
PACKAGE များထဲ့သွင်းရန်အတွက်
sudo apt-fast install PACKAGE
PACKAGE များ upgrade ပြုလုပ်ရန်အတွက်
sudo apt-fast upgrade
PACKAGE များအတွက်လိုအပ်သော dependencies များ ထည့်သွင်းရန်-
sudo apt-fast build-dep PACKAGE
*apt-fast အသုံးပြု၍ ကြုံတွေ့ရသော အခက်အခဲများနှင့် reports များ အား @Launchpad သို့ Github တို့တွင်အကြံပြုနိုင်ပါသည်။