How to install Kingsoft Office Alpha 11 On Ubuntu?

How to install Kingsoft Office Alpha 11 On Ubuntu?

Kingsoft office=WPS

Kingsoft office=WPS

Ubuntu operating system တွင် Kingsoft Office  ကိုထည့်သွင်း အသုံးချင်သူများအတွက် Alpha 11 ကို Community မှ ဖြန့်ဝေလိုက်ပါသည်- ယခုဖြန့်လိုက်သော Alpha version တွင် အောက်ဖော်ဖြပါ #bug များကို ပြန်လည်ပြုပြင်လိုက်ပြီးဖြစ်ပါသည်။
၁။ အင်္ဂလိပ်ဘာသာ စကားမဟုတ်သူများအတွက် စာလုံးပေါင်းသတ်ပုံ စစ်ဆေးပေးခြင်း ကို အသစ်ထပ်မံထည့်ပေးထားပါသည်။
၂။ KDE တွင်  Open and Save dialog boxes များ ပုံမှန်ဖွင့်၍ မရခြင်းကိုပြုပြင်လိုက်ပါသည်။
၃။ Kingsoft Office တွင် printer settings များအသုံးပြုမရခြင်းကို ပြုပြင်လိုက်ပါသည်။
၎။ PDF သို့ Export လုပ်ပြီးနောက်ချက်ချင်း PDF ဖိုင်အားဖွင့်မရခြင်းကို ပြုပင်လိုက်ပါသည်။
၅။ Desktop တစ်ခုတည်းတွင် User account တစ်ခုတည်းမှ တစ်ခုထပ်ပိုမို၍ ဖွင့်မရခြင်းကို  ပြုပင်လိုက်ပါသည်။
၆။  Insert tab တွင်  File button ပျောက် ခြင်းကို ပြုပင်လိုက်ပါသည်။
၇။ Kingsoft Writer အသုံးပြုနေစဉ် Table များ အတွင်း Formula များထည့်သွင်းရာ formula အဖြေများမှန်ကန်မှုမရှိခြင်းကို ပြုပင်လိုက်ပါသည်။
Kingsoft Office ကို WPS Office ဟုလူသိများနေသလို မိုက်ကရိုဆော့ မှ ရုံးလုပ်ငန်းသုံး office suite နှင့် ပုံစံတူ အခမဲ့ ရဆော့ဝဲလ် ဖြစ်ပါသည်။
Kingsoft Office သည် Debian base OS  များ ၊ RPM base OS များ နှင့် source အနေဖြင့်ပါ download  ပြုလုပ်နိုင်သည် ။
32 bit စက်များအတွက်အောက်ပါအတိုင်းပြုလုပ်နိုင်ပါသည်။
Ctrl + Alt + T (or) Open Terminal
$ wget -c wdl.cache.ijinshan.com/wps/download/Linux/unstable/kingsoft-office_9.1.0.4096~a11p1_i386.deb
$sudo dpkg -i (packagename.deb)
$sudo apt-get install -f
64 bit စက်များအတွက်အောက်ပါအတိုင်းပြုလုပ်နိုင်ပါသည်။
ia32-libs packageကိုဦးစွာသွားရပါမည်။
Ctrl + Alt + T (or) Open Terminal
$ sudo apt-get install ia32-libs
$ wget -c wget -c wdl.cache.ijinshan.com/wps/download/Linux/unstable/kingsoft-office_9.1.0.4096~a11p1_i386.deb
$ sudo dpkg -i (packagename.deb)
$ sudo apt-get install -f
(packagename.deb) နေရာတွင်သင် download ပြုလုပ်ထားသော package ကို ထည့်ရမည်။
for more information :ask.ubuntu-mm.net

About

I am what I'm.

Tagged with: , ,

Leave a Reply

Your email address will not be published. Required fields are marked *

*