Ck4Ubuntu

Keep Learning Keep Sharing

  • Home
  • ck
  • Youth Sharing Knowledge
  • Ubuntu Myanmar LoCo Team
  • ck
  • Ubuntu One FREE for everyone
  • Installaltion
  • Software
  • Community
  • My Story
  • Ubuntu Tablet
  • Raspberry Pi
  • UbuntuMM
  • cloud
  • ubuntu-mm
  • Ubuntu Myanmar Lo Co Team
  • Ubuntu-MM events
  • Software
  • community
  • install
  • CLI
  • Office for Ubuntu
  • UbuntuMM
  • Ubuntu
  • apt-get
  • Twitter
  • nitro share
  • Youth Sharing Knowledge

whatisUbuntu

July 24, 2014 chitkoko Leave a comment cloud, Community, My Story, Ubuntu, Ubuntu Free Class, Ubuntu mobile, Ubuntu Tablet

Screenshot from 2013-10-24 21:04:31

What is Ubuntu ?

Ubuntu သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးကြီးထွားလာသော Linux-based Operating System တစ်ခုဖြစ်ပါသည်။ Ubuntu ကိုလူသန်းပေါင်းများစွာတို့မှ သုံးစွဲနေကြပါသည်။နိုင်ငံတကာမှ အသုံးပြုနေကြသော developer community လည်းရှိနေပါသည်။

အဘယ့်ကြောင့် Ubuntu ကိုရွေးချယ်ရတာလဲ။

ကျွန်တော်တို့ Ubuntu ကိုဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ ….. Ubuntu ကို အမြဲတမ်းအပြည့်အဝ အခမဲ့ ရရှိပါမည်။

Ubuntu ကိုသင်သည်အလွန်လျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ Ubuntu တွင်ပါဝင်သော လုံခြုံရေးစနစ်သည် အလွန်စိတ်ချ ရပါသည်။

Ubuntu သည် Open Source ဖြစ်ပါသည်။ Ubuntu ကို Desktop များ ၊ Server များ ၊ Cloud Services မျ ားတွင်အသုံးပြုနိုင်ပါသည်။

example:Virtual Private Server VPS

Ubuntu ကို Canonical မှ အထောက်အပံ့ပေးနေပါသည်။ အထောက်အပံ့ပေးနေသူများ၏ အကျွမ်းကျင်ဆုံးဝန်ဆောင်မှုများပါဝင်ပါသည်။

အထူးကျွမ်းကျင်သူများသုံးသည့် Tools များပါဝင်ပါသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ ဝန်ဆောင်မှု များပါဝင်ပါသည်။

ဒါဆိုသင်လဲသုံးကြည့်ပါလား။

DVD တချပ်လောက်ယူပြီး အခမဲ့ လွတ်လပ်ခြင်းရဲ့ အရသာကို မြည်းကြည့်လိုက်ပါ။ Ubuntu တွင် အရာအားလုံးသည် ရိုးရှင်းပါသည်။

Ubuntu သည် အခြားပစ္စည်းများနှင့်လည်း တွဲဖက်သုံးနိုင်ပါသည်။ Ubuntu တွင် email အသုံးပြု ခြင်း၊ Internet အသုံးပြုု ခြင်းတို့ အတွက် Browser ပါဝင်ခြင်းနှင့် Bluetooth ကြိုးမဲ့ချိတ်ဆက် ခြင်း တို့ကို အသုံးပြုနိုင် ပါသည်။ Ubuntu တွင် လွယ်ကူ မြန်ဆန်စွာ အသုံးပြု နိုင် ပါသည်။Ubuntu တွင် အလွန်လျင်မြန်ပြီး လုံခြုံ စိတ်ချရသော Browser ကိုအသုံး ပြုနိုင်ပါသည်။ Ubuntu တွင်professional ဆန်သော စာ ရွက်စာတမ်း များကိုဖန်တီးနိုင်ပါသည်။ Ubuntu ရှိဖိုင်များကို PC နှင့် Macတို့တွင်ပြောင်းလဲသုံးနိုင်ပါသည်။ သင်၏ devices များအားလုံးနှင့် ချိတ်ဆက် သုံးနိုင်ပါသည်။

Virus free ဆိုသည့်အတိုင်း Virus များသင့်ကို အနှောက်အယှက် မပေးနိုင်တာ ဂုဏ်ယူစရာပါ။

ကြိမ်ဖန်များစွာပေးသော updates များကို အခမဲ့ လွတ်လပ်စွာဖြင့်ရယူနိုင်သဖြင့် သင်၏စက်ကို အမြဲတမ်း up to date ဖြစ်နေစေပါသည်။ ဓါတ်ပုံများကို အလွယ်တကူစီမံခန့်ခွဲနိုင်ခြင်း၊ ပြု ပြင်နိုင်ခြင်း ၊ပြန်လည်ဝေမျှ နိုင်ခြင်းတို့ကိုလွယ်ကူစွာပြုလုပ်နိုင်သည်။

Ubuntu Myanmar LoCo Team သည် Ubuntu Operating System အား မြန်မာနိုင်ငံ အနှံအပြားမှ Computer အသုံးပြုနေသူများ အလွယ်တကူ သုံးစွဲနိုင်ရန်အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး Ubuntu Council မှ တရားဝင်အသိအမှတ်ပြု LoCo Team တစ်ခုဖြစ်ပါသည်။

Team တစ်ခုသည် (၃) နှစ်လျှင်တစ်ကြိမ် ပြန်လည် Re-Approve ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီးTeam တခု၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များကို အစဉ်တစိုက်လုပ်ဆောင်နိုင် (ဝါ) ဖော်ပြနိုင်မှသာ Active ဖြစ်ပြီး Ubuntu Council မှ တရားဝင် LoCo Team အဖြစ်အသိအမှတ်ပြုမည်ဖြစ်ပါသည်။ ၂၀.၁၁.၂၀၁၃ ရက်နေ့တွင် Re-Approve ကို ပြန်လည်လျှောက်ထားရာ Ubuntu loco Council မှ ကန့်ကွက်မဲမရှိ၊ ၁၀၀ % ထောက်ခံပြီး တရားဝင်ဆက်လက်အသိအမှတ်ပြု ခဲ့ပြီး ဖြစ်ပါသည်။

Asia မှ loco team ပေါင်း ၄၂ သင်းတွင် ၈သင်းသာ Approved ဖြစ်၍ Ubuntu Myanmar LoCo Team သည် Active အဖြစ်ဆုံးဖြစ်ပါသည်။ ကျွနု်ပ်တို့နဲ့အတူပူးပေါင်းလိုပါသလား။

Ubuntu OS ကို မြန်မာလိုဘာသာဖြင့် သင်အသုံးပြုလိုပါသလား ။

Ubuntu OS ကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်ပါသည်။ ၁၀၀ % အပြည့်အ၀ မပြီးစီးသောလည်း သင်တို့မှပါဝင် ပူးပေါင်းဆောင်ရွက်ပါက ပြီးစီးနိုင်ပါသည် ။ ပါဝင်ကူညီလိုပါက သင့်တွင် launchpad account တစ်ခုရှိ ရန် လိုအပ်ပြီး https://launchpad.net/~ubuntu-l10n-my တွင် အကြံဉာဏ်ပေးခြင်း ၊ အတည်ပြုခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည် ။

ubuntu myanmar tux logo

https://launchpad.net/~ubuntu-mm

http://ubuntu-mm.net

http://ask.ubuntu-mm.net

http://social.ubuntu-mm.net

http://facebook.com/ubuntumm

https://loco.ubuntu.com/teams/ubuntu-mm

http://wiki.ubuntu.com/MyanmarTeam

https://launchpad.net/~ubuntu-l10n-my

 Email – info @ubuntu-mm.net

Phone – 09 450 022 022

 

Tags: community, events, Ubuntu, Ubuntu Myanmar Lo Co Team, ubuntu-mm, Ubuntu-MM events, UbuntuMM |

NOOBS Setup

July 21, 2014 chitkoko Leave a comment Installaltion, Raspberry Pi, RPI OS

NOOBS Setup

Raspberry Pi ကို သင်စတင်အသုံးပြုဖို့ဆိုလျှင် Operating system OS တစ်ခု ကိုသင်လိုအပ်နေပါပြီ။

NOOBS  (New Out Of the Box Software) သည် Raspberry Pi အတွက် အလွန်လွယ်ကူသော  operating system install manager ဖြစ်ပါသည်။

NOOBS ကို သင်သည် Online မှနေ၍ download ပြုလုပ်၍ရယူနိုင်သလို Swag Store တွင် £4 နှုန်းဖြင့် NOOBS အသင့်သွင်းပြီး SD card ကို online မှတဆင့်ဝယ်ယူ ရရှိနိုင်ပါသည်။အကယ်၍ သင့်တွင် Class 4 SD card 8 GB အသင့်ရှိနေပါက အောက်ဖော်ပြပါ Links များ မှရယူနိုင်ပါသည် ။

မှတ်ချက် ။       ။ အောက်ဖော်ပြပါ  NOOBS နှင့် NOOBS LITE တို့တွင် ကွာခြားချက်မှာ NOOBS သည် offline သမားများအတွက်ပိုမိုသင်တော်ပါသည် ။

NOOBS

Offline and network install
Version:1.3.9
Release date:2014-07-08
NOOBS LITENetwork install only
Version:1.3.9
Release date:2014-07-08
http://downloads.raspberrypi.org/NOOBS_lite_latest

DOWNLOAD

  1. Computer နှင့် SD card reader တို့ကို အသုံးပြုရန်လိုအပ်မည်ဖြစ်ပြီး  Download  စာမျက်နှာ သို့ သွားပါ။
  1. ‘NOOBS (offline and network install) အောက်ရှိ  Download Zip ခလုတ်ကိုနှိပ်ပါ ။ ပြီးနောက်သင် သိမ်းလိုသော folder ကို ရွေးပြီး  Save လုပ်ပါ။
  1. အဆိုပါ  Zip file ကို Extract ပြုလုပ်ပါ။

FORMAT YOUR SD CARD

  1. သင်၏ SD card အမျိုးအစားကိုလေ့လာရန် SD Association’s website တွင်လေ့လာပြီးနောက် Windows သို့ Mac အတွက် SD Formatter 4.0 ကို download ပြုလုပ်၍ အသုံးပြုနိုင်သည်။
  1. Software ကို install ပြုလုပ်ရန်အတွက် ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
  1. သင်၏ SD card ကို SD card reader  သို့ Laptop ရှိ SD Card ထည့်ရမည့်နေရာတွင်ထည့်`၍  SD card ၏အမည်ကိုရေးမှတ်ထားပါ ။ ဥပမာ – G:/
  1. SD Formatter တွင် သင်ရေးမှတ်ထားသော  SD card ကိုရွေး၍  format ပြုလုပ်ပါ။

DRAG AND DROP NOOBS FILES

  1. သင် ၏ SD card ကို format ပြုလုပ်ပြီးပါက သင် Extract ပြုလုပ်ခဲ့သော NOOBS folder အတွင်းရှိ files များ အားလုံးတို့ကို SD card drive ထဲသို့  drag and drop ဆွဲထည့်ပါ။
  1. ထိုနောက် folder ထဲမှ လိုအပ်သော files များအား SD card သို့ပို့ပေးနေမည်။
  1. ပေးပို့မှု လုပ်ငန်းပြီးမြောက်ပါက SD Card ကို Safe remove ပြုလုပ်၍ computer မှ ထုတ်ပါ။ Raspberry Pi သို့ ထိုးစိုက်ပါ။

FIRST BOOT

  1. သင် အသုံးပြုမည့် Keyboard ၊ Mouse နှင့် Monitor cables ကြိုးများကို ချိတ်ဆက်ပါ။
  1. USB power cable ကို သင်၏ Pi နှင့်ချိတ်ဆက်ပါ ။
  1. သင့် Raspberry Pi သည် boot တက်လာပြီးနောက် Install ပြုလုပ်နိုင်သော အခြားသော Operating System စာရင်းများ အားလုံးကို တွေ့ မြင်ရမည် ဖြစ်သည် ။ ကျွန်တော်တို့ အကြံပေးချက် အရဆိုရင် Raspbian ကိုသာ သင်အသုံးပြုသင့်ပါသည် ။ Raspbian ဘေးရှိ check box ကို ရွေးချယ်၍ install ဆက်လက်လုပ်ဆောင်ပါ။
  1. Raspbian Operating System သည် installation ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။
  1. Installation ပြုလုပ်မှု ပြီးစီး သည်နှင့်  Raspberry Pi configuration menu (raspi-config)  ကိုမြင်တွေ့ ရမည်ဖြစ်သည်။ ကျွနု်ပ် တို့နေထိုင်သော နေရာ ( region ) ၊ အချိန် ( Time ) နှင့် ရက်စွဲ (Date) တို့ကိုဖြည့်ပါ ။ပြီးနောက် Raspberry Pi camera board ကို enable ပြုလုပ်ပါ  ( သို့ ) အသုံးပြုသူအမည် ( Current User ) တို့ကို လိုအပ်သလိုပြောင်းလဲနိုင်သည် ။ သင်၏ Keyboard မှ Tab key ကို အသုံးပြု၍ Finish နေရာသို့ရွှေ့ ၍ သင်  ထွက်နိုင်သည် ။

LOGGING IN AND ACCESSING THE GRAPHICAL USER INTERFACE

http://downloads.raspberrypi.org/NOOBS_latest

NOOBS File ကို သင်၏ SD card အတွင်းမထည့် မှီ SD card ကို Format ပြုလုပ်သင့်ပါသည်။

Username    =  pi

Password =  raspberry        ဖြင့် သင် login ဝင်နိုင်သည် ။

မှတ်ချက် ။     ။သင်သည် Password ရိုက်နေချိန်တွင် မမြင်ရပါကလဲ မှန်ကန်စွာဆက်လက် ရိုက်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ ဤအချက်သည် Linux ၏ လုံခြုံမှု အချက်ဖြစ်ပါသည် ။

သင်၏ Raspberry Pi ကို configuration ပြုလုပ်လိုပါက Command Line Interface/ CLI ( စာသားဖြင့်အသုံးပြုမှု ) တွင် 

sudo raspi-config ဟု ရိုက်ပါ။

Raspberry Pi Software Configuration Tool (raspi-config)

Setup Options

    1 Expand Filesystem                                Ensures that all of the SD card storage is available to the OS

(သင်အသုံးပြုသော OS ကို SD card တစ်ခုလုံးကိုအသုံးပြုမည်)

    2 Change User Password                        Change password for the default user (pi)

(နဂိုမူလ အတိုင်း ပါရှိသော password ကို ပြောင်းလဲမည် ။pi user အတွက်သာ )

     3 Enable Boot to Desktop/Scratch      Choose whether to boot into a desktop environment, Scratch, or                                                                                                                 the command line

( OS boot စတက်လျှင် Desktop သို့တန်းသွားစေမည်။)

    4 Internationalisation Options         Set up language and regional settings to match your location

(ဘာသာစကား နှင့် သင် နေထိုင်ရာ အရပ်ဒေသပြောင်းမည်။ )

    5 Enable Camera                             Enable this Pi to work with the Raspberry Pi Camera

( Raspberry Pi အတွက်ထုတ်ထားသော camera ကိုအသုံးပြုမည်။)

    6 Add to Rastrack                            Add this Pi to the online Raspberry Pi Map (Rastrack)

(online တွင် Raspberry Pi Map အသုံးပြုနေမှုကို မှတ်တမ်းတင်မည်။)

    7 Overclock                                      Configure overclocking for your Pi

(သင့် Pi CPU အသုံးပြုနိုင်မှုကိုအဆင့်မြှင့်မည်။ဤအဆင့် ကိုကျွမ်းကျင်သူနှင့်တိုင်ပင်သင့်သည်။)

    8 Advanced Options                        Configure advanced settings

(configuration ကိုအ သေးစိတ် ပြုပြင်မည်။ဤအဆင့် ကိုကျွမ်းကျင်သူနှင့်တိုင်ပင်သင့်သည်။)

    9 About `raspi-config`                    Information about this configuration tool

(configuration tool အကြောင်းဖော်ပြချက်)

                                   <Select>                                  <Finish>


Command Line Interface/ CLI ( စာသားဖြင့်အသုံးပြုမှု ) မှ  Graphical (ရုပ်ပုံဖြင့် အသုံးပြုမှု ) သို့ ပြောင်းလဲအသုံးပြုလိုပါက –

startx      ဟုရိုက်ပါ။

အသေးစိတ်အချက်အလက်များကိုဆက်လက်လေ့လာလိုပါက  documentation တွင်လေ့လာနိုင်ပါသည်။

Chit Ko Ko Win

saintjohn769@ubuntu.com

www.chitkokowin.com

http://chitkoko.ubuntu-mm.net/

Tags: NOOBS, NOOBS LITE, PiSetup, Raspberry Pi, RPI OS, UbuntuMM |

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

Subscribe

  • Entries (RSS)
  • Comments (RSS)

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

CyberChimps WordPress Themes

© Ubuntu-mm Sites/ck