Creative Commons

Creative Commons 

မူပိုင်ခွင့်ဟူ၍ ပော်ပောက်လာခဲ့သည့် အချိန်မှစပြီး မူပိုင်ခွင့်သည် တီထွင်ဖန်တီးမှုတိုင်းအတွက် မရှိမဖြစ် လိုအပ်သည်ဟူသော အယူအဆမျိုးကို ထွန်းကားလာခဲ့သည်။ သို့သော်မူပိုင်ခွင့်ကို ပုံစံအမျိုးမျိုးဖြင့် ထားရှိလိုသူများအတွက်အခငွေကြေးဖြင့် မဟုတ်ဘဲဝေမျှနိုင်သော မူပိုင်ခွင့်ပုံစံမျိုးပော်ပေါက်လာရန်အခြေအနေက တာင်းဆိုလာခဲ့ရာ Harvard မှ ဥပဒေပါမောက္ခဖြစ်သူ Lawrence Lessig က “reasonable” နှင့် flexible copyrightတို့ကို focusထားပြီး KeyPlayer RyanMerkley ( CEO ) တို့နှင့်အတူ ဇန်နဝါရီလ ၁၅ရက်နေ့ ၂၀၀၁ခုနှစ်တွင် creative commons မူပိုင်ခွင့်လိုင်စင် ကိုတီထွင်ပေးခဲ့ကြသည်။ ထိုလိုင်စင်မပေါ်ပေါက်မှီက တီထွင်ဖန်တီးသူများ အနေဖြင့်ရွေးချယ်စရာ အခြေအနေမှာ နှစ်ခုသာရှိသည်။

ပထမတစ်ခုမှာ မိမိတီထွင်ဖန်တီးမှုကို Public Domain ဟုဆိုကြသောအများသူ ငါလွတ်လပ်စွာ ယူသုံးနိုင်သော အခြေအနေဖြင့် မိမိမှာမိမိ၏ ဖန်တီးမှု၏ ငွကြေးဆိုင်ရာ အ ကျိုးအမြတ် လုံးဝ မခံစားရသည့် အဖြစ်မျိုးကိုသာရွးချယ်လိုက်ရသည်။

ဒုတိယတစ်ခုမှာ မူပိုင်ခွင့် ယူလိုက်ခြင်းဖြင့်သော်လည်းကောင်း၊ကုမ္ပဏီ ကီးတစ်ခုသို့ အခကြေးငွေဖြင့် ရာင်းချလိုက်ခြင်းဖြင့်သော် လည်းကောင်းမိမိ၏ဥာဏပစ္စည်းကိုအကာအကွယ်ပေးလိုက်ခြင်းဖြစ်သည်။

သို့ဖြစ် ထိုဥာဏပစ္စည်းကို တရားမဝင် ရယူသုံးစွဲသူသည် ဥပဒေ အကြောင်းအရ အရေးယူခံရမည်ဖြစ်သည်။

Creative Commonsဟုဆိုလျှင် မူလက မဖြစ်မနေသုံးရသောမူပိုင်ခွင့်စနစ်များကို ဖျက်ပြီး စနစ်အသစ်ဖြင့်အစားထိုးလိုက်ခြင်း ဟုယူဆနိုင်မည်မဟုတ် ပေ။ ယခင်ကAll Right Reserved ဟုဆိုခဲ့ကြရာမှ ညှိရနှိုင်းရ လွယ်ကူ သောပုံစံ Some Right Reserved အဖြစ်ပြောင်းလိုက်ခြင်း ဖစ်ပေသည်။

Creative Commons လိုင်စင်သည် တရားမျှတသောဥာဏပစ္စည်းမူပိုင်ခွင့်ကို အသုံးပြုကာ မိမိရွေးချယ်ခွင့်ပေး၏။ ဖန်တီးသူ၏ ဆန္ဒအတိုင်း

မူပိုင်ခွင့် အတိုင်းအဆကို ကန့်သက်နိုင်သည်။ Creative Commons License ခာင်းစဉ်အောက်တွင် တီထွင်ဖန်တီးသူ တို့သည်အောက်ပါအတိုင်း မူပိုင်ခွင့် အမျိုးမျိုးကို သက်မှတ်နိုင်ကြသည်။

Public Domain

 

မည်သူမဆို လွတ်လပ်စွာ သုံးစွဲခွင့် ရှိသော ဥာဏပစ္စည်းများသက်တမ်းကြာ ရှည် ပြီဖြစ်သောကြောင့် မူပိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားသဖြင့် အဖိုးအခမပါ ခွင့်ပြုချက်မတောင်းဘဲ သုံးနိုင်သော ဉာဏပစ္စည်းများကို Public Domain ထဲသို့ရောက်ရှိသွားသော ဉာဏပစ္စည်းများဟု ဆိုသည်။ (မှတ်ချက် မြန်မာနိုင်ငံ၏ လက်ရှိဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေသည် ဗြိတိသျှမူပိုင်ခွင့်ဥပဒေကို အခြေခံထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်၏ TRIPS ကိုလည်း လက်မှတ်ရေးထိုးထားသဖြင့် ဉာဏပစ္စည်းများ၏သက်တမ်းမှာ ဖန်တီးသူ၏ သေဆုံးပြီးနောက်ထပ် နှစ် (၅၀) အထိကြာအောင် သတ်မှတ်ထားသည်။)

CC0 Public Domain Dedication

CC0 သည် No Right Reserve ဟုဆိုခြင်းဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်နိင်သော မူပိုင်ခွင့်မှန်သမျှ အကျိုးသက်ရောက်ခြင်းမရှိပေ ။ မူပိုင်ခွင့်ယူရန် မလိုဟု ယူဆလျက် Public Domain ထဲသို့ မိမိ တီထွင်ဖန်တီးမှုကို ပေးအပ်လိုက် ခြင်း ဖြစ်သည်။

Attribution

တီထွင်ဖန်တီးသူ၏ အမည်ကို ဖော်ပြပေးခြင်း အားဖြင့် မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့် မျိုးဖြစ်သည်။

Attribution – Share A Like

တီထွင်ဖန်တီးသူ၏ အမည်ကို ဖော်ပြပေးခြင်း အားဖြင့် မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့် မျိုးဖြစ်သည်။ သို့သော် ကန့်သတ်ချက်တစ်ခုမှာ ဤ ဥာဏပစ္စည်းတစ်ခုလုံးပြန်လည်ဖော်ပြလျှင်ဖြစ်စေ တစ်စိတ်တစ်ပိုင်း ကို ပြင်ဆင်သုံးစွဲသည်ဖြစ်စေ ၊ ထပ်မံဖြည့်စွက်ပြင်ဆင်သည်ဖြစ်စေ မူလ ဥာဏပစ္စည်း ဖန်တီးသူ အမည်ကို ဖော်ပြပြီး အသစ်ဖြစ်လာသော ဥာဏပစ္စည်း ကိုလည်း ယခင်ကအတိုင်း အများပြည်သူကို လွပ်လပ်စွာ အသုံးပြုခွင့်ပေးရမည်၊ ( အထူးသဖြင့် အခမဲ့သုံးနိင်သော ကွန်ပျူတာဆော့ဝဲလ်ရေးဆွဲသူများ အသုံးပြုလေ့ရှိသော copy left တစ်မျိုးဖြစ်သည်)

Attribution-Non Commercial


တီထွင်ဖန်တီးသူ၏ အမည်ကိုဖော်ပြပေးခြင်း အားဖြင့် လွပ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့်မျိုးဖြစ်ပြီး ထိုဥာဏပစ္စည်းကိုငွေဖြင့် ရောင်းဝယ်ခြင်း မပြုနိင်ဟု ဆိုလိုသည်။

Attribution-Non Commercial – Share A like


တီထွင်ဖန်တီးသူ၏ အမည်ကိုဖော်ပြပေးခြင်း အားဖြင့်လွပ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့်မျိုးဖြစ်ပြီးငွေကြေးဖြင့် ဝယ်ယူရောင်းချခွင့်မရှိပေ။ ကန့်သတ်ချက် တစ်ခုမှာ ဤဥာဏပစ္စည်းကို ပြန်လည်ဖော်ပြလျင်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်သုံးစွဲသည်ဖြစ်စေ၊ ထပ်မံဖြည့်စွက်ပြင်ဆင်သည်ဖြစ်စေ မူလ ဥာဏပစ္စည်းဖန်တီးသူအမည်ကို ဖော်ပြပြီး အသစ်ဖြစ်လာသော ဥာဏပစ္စည်းကိုလည်း ယခင်ကအတိုင်း အများပြည်သူကို လွပ်လပ်စွာ အသုံးပြုခွင့်ပေးရမည်။

Attribution – No Derivatives


တီထွင်ဖန်တီးသူ၏ အမည်ကိုဖော်ပြပေးခြင်း အားဖြင့် လွပ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့်မျိုး ဖြစ်သော်လည်း ထိုဥာဏပစ္စည်းကိုနောက်ထပ်ပြုပြင်ပြောင်းလဲခြင်း မျိုးမည်သည့်နည်းနှင့်မျှ မပြုလုပ်ရပါဟုဆိုလိုသည်။

Attribution-Non Commercial – No Derivatives

တီထွင်ဖန်တီးသူ၏ အမည်ကိုဖော်ပြပေးခြင်း အားဖြင့် လွပ်လပ်စွာ အသုံးပြုနိင်သော မူပိုင်ခွင့်မျိုးဖြစ်ပြီး ငွေကြေးဖြင့် ဝယ်ယူရောင်းချခွင့်မပြုပါ ။ ထိုဥာဏပစ္စည်းကို နောက်ထပ်ပြုပြင်ပြောင်းလဲခြင်း မျိုးမည်သည့် နည်းနှင့်မျှ မပြုလုပ်ရပါဟုဆိုလိုသည်။

 

About

I am what I'm.

Tagged with: , ,

Leave a Reply

Your email address will not be published. Required fields are marked *

*