Gnome dash fix

330

Ubuntu Gnome Desktop မှာ application launcher တွေကို categories ခွဲပြီးသိမ်းပေးမဲ့ script

Ubuntu Gnome Desktop မှာ application menu ဖွင့်ရင် applications တွေက alphabetical လိုက် စီထားတာကိုတွေ့ရမှာပါ။
app နည်းနည်းပဲရှိရင်မသိသာပေမဲ့ app တွေများလာတဲ့အခါ ကိုယ်သုံးချင်တဲ့ app ကိုလိုက်ရှာနေရတာနဲ့တင် တော်တော်ကြာနိုင်ပါတယ်။ အဲ့တော့ app တွေကို သူတို့ရဲ့ functions ပေါ်မူတည်ပြီး categories လေးတွေခွဲထားရင် ရှာရတာပိုအဆင်ပြေပါတယ်။

ဥပမာအားဖြင့် web-browsers တွေ၊ mail client တွေ နဲ့ torrent downloader တွေကို Internet ဆိုတဲ့ categories အောက်၊ Librea Office တို့၊ thunderbird တို့ကို Office ဆိုတဲ့ categories အောက် စသည်ဖြင့် အသီးသီးခွဲပေးထားရင် ရှာရပိုလွယ်ပါတယ်။

Gnome Shell မှာ default app menu အနေနဲ့ frequent နဲ့ all ဆိုပြီး အပိုင်းနှစ်ပိုင်းပါပါတယ်။
frequentကတော့ အသုံးများတဲ့ app တွေကိုပြပေးထားတာဖြစ်ပြီး all ကတော့ ကိုယ့်စက်ထဲမှာသွင်းထားတဲ့
app အကုန်လုံးကိုပြပေးထားတာပါ။အခုပြောပြမဲ့ Gnoem-dash-fix ဆိုတဲ့ script ကတော့ app menu ထဲက
ရှုပ်ပွနေတဲ့ app တွေကို သက်ဆိုင်ရာ categories အသီးသီးခွဲပေးမှာပါ။
ဒီ script ကို Ben Gordfrey က ရေးထားတာဖြစ်ပါတယ်။
Script ကို download ဆွဲမယ်ဆိုရင် မိမိစက်ထဲမှာ “git” program ကိုအရင် install လုပ်ထားရမှာပါ။
$~sudo apt-get install git
git သွင်းပြီးပြီဆိုရင်တော့
$~git clone https://github.com/BenJetson/gnome-dash-fix.git
လို့ရိုက်ပြီး gnome-dash-fix ကို download ဆွဲလိုက်ပါ။
Download လုပ်ပြီးသွားရင်

$~cd gnome-dash-fix
$~./appfixer.sh ဆိုပြီး run ပေးရမှာပါ။


Run ပြီးပြီဆိုရင်တော့ screenshot ထဲကအတိုင်း Categories ခွဲပြီးသား app menu ကိုရပါပြီ။