Install Myanmar(Unicode) Keyboard and font on Raspberry Pi

467

ဒီနေ့ပြောမယ့် အကြောင်းအရာကတော့ Raspberry Pi ပေါ်မှာ Myanmar လို ရိုက်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

ကျွန်တော် Test လုပ်မယ့် device ကတော့ Rpi 3 mobel B+ ပဲ ဖြစ်ပါတယ်။ OS ကတော့ raspbian ပဲဖြစ်ပါတယ်။  ပထမဆုံး https://mcf.org.mm/pyidaungsu-font.html ကနေပြီးတော့ Pyidaungsu font ကို ဒေါင်းလုတ် လုပ်ပါ။ အဲ့နောက် home directory အောက်မှာ .font ဆိုတဲ့ directory တစ်ခု တည်ဆောက်လိုက်ပါ။ ပြီးရင် ဒေါင်းထားတဲ့ Pyidaungsu Font ဖိုင် *.ttf လေးကို copy ကူးပြီးထည့်လိုက်ပါတယ်။ 

ထည့်ထားပြီးနောက် Run ပေးရမယ့် command လေးကတော့ fc-cache -v -f ဆိုတာလေးကို အောက်ပါ အတိုင်း Run ပေးလိုက်ပါ။

ထို့နောက်မှာတော့ Panel ကို right click ထောက်လိုက်ပါ။ add/remove panel items ကို ရွေးပါ.. အဲ့နောက်မှာတော့ keyboard layout handler ကိုရှာပြီး add ကိုနှိပ်ပါ။

Add ပြီးသွားတဲ့နောက်မှာတော့.. Keyboard layout handler ကို နှိပ်လိုက်ပါ.. Default သည် us တစ်မျိုးပဲ ရှိနေပါလိမ့်မယ်.. Myanmar ကို ထပ်ထည့်ဖို့အတွက် keep system layout က check box အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ ပြီးရင် add ကိုနှိပ်ပါ။ 

mm Burmese ကိုလိုက်ရှာပြီး ok ပေးပြီးထည့်လိုက်ပါ။ 

ဒီအတိုင်းဆိုရင်တော့ Myanmar လိုရိုက်လို့ရသွားပါပြီ.. us to mm, mm to us ပြောင်းမယ်ဆိုရင်တော့ super(window key) + space ပါ။ စမ်းလို့အဆင်ပြေကျမယ်လို့ မျှော်လင့်ပါတယ်။ 

Happy Birthday my Dear bro KokoYe. Long live and healthy ^_^

With Best Regards,

KhantPhyo