Installing Gitbucket with Oracle Glassfish

341

Github အသုံးပြုနေသူတွေ Online ပေါ်မတင်ဘဲကိုယ့်ရုံးတွင်း  Local မှာ Github လို User Interface နဲ့ Git Server တစ်ခုထားချင်တယ်ဆိုတဲ့သူတွေအတွက် Gitbucket ကိုမိတ်ဆက်ပေးချင်ပါတယ် ။ အလားတူ Local Git Server ထောင်လို့ရတဲ့ လူသုံးများတဲ့ တခြားဟာတွေရှိပါသေးတယ် ။ အဲ့ဒီထဲက Gitbucket ကိုလည်း စမ်းသပ်အသုံးပြုကြည့်စေချင်ပါတယ် ။

What is Gitbucket?

Gitbucket ဆိုတာ Scala နဲ့ Develop လုပ်ထားတဲ့ Github Clone တစ်ခုဖြစ်ပါတယ် ။ Takezoe ဆိုတဲ့ ဂျပန်လူမျိုး Developer တစ်ယောက်ဖန်တီးခဲ့တာဖြစ်ပါတယ် ။  Github အတိုင်းအသုံးပြုနိုင်ပါတယ် ။ မူရင်းကိုတော့ –

https://github.com/gitbucket/gitbucket

မှာသွားကြည့်နိုင်ပါတယ် ။

Gitbucket ကိုသုံးမယ်ဆို လိုအပ်တာတွေကတော့ –

  • Unzip
  • Oracle-java8-installer
  • Oracle Glassfish

တို့ကတင်မယ့်စက်မှာရှိနေရမှာဖြစ်ပါတယ် ။

အခုကျွန်တော်တို့စ Install လုပ်ကြည့်ပါမယ် ။တကယ်လို့ unzip မရှိရင်၊မတင်ရသေးရင်

sudo apt-get install unzip

နဲ့ Install လုပ်လိုက်ပါ ။Curl မရှိသေးရင်

sudo apt-get install curl

**အခုရေးထားတာက Server ကိုကိုယ့်စက်ကနေလှမ်းပြီး Remote Install လုပ်တဲ့အနေအထားမှာရေးပြထားတာဖြစ်ပါတယ် ။

1. Installation of Oracle Java 8 Installer

ပထမဆုံး Java ကို Install လုပ်ရပါမယ် ။ Java ကို Webupd8 Repository ကနေ Install လုပ်မှာဖြစ်ပါတယ် ။

sudo add-apt-repository ppa:webupd8team/java
sudo apt-get update
sudo apt-get install oracle-java8-installer

***လိုအပ်မယ်ထင်လို့ထည့်ရေးပေးထားတာပါ။ တင်ပြီးသားဆိုရင် မလိုပါ ။

2. Installation of Oracle Glassfish 4

Oracle Glassfish

ပထမဆုံးအနေနဲ့ Oracle Glassfish ကို Download ချမှာဖြစ်ပါတယ် ။

sudo curl -OL http://download.java.net/glassfish/4.1.1/release/glassfish-4.1.1-web.zip

ပြီးလျှင်ဖိုင်များကို unzip ပြုလုပ်၍ /opt/ အောက်ထဲကို ကူးထည့်ပေးရမှာဖြစ်ပါတယ် ။

sudo unzip glassfish-4.1.1-web.zip -d /opt/

ထို့နောက် cd ဖြင့် /opt/glasshfish4 ထဲဝင်လိုက်ပါ ။

cd /opt/glassfish4

Glassfish Server ကိုအောက်ပါအတိုင်း Start လုပ်ရမည်ဖြစ်သည် ။

sudo /bin/asadmin start-domain

ဒါဆို Browser မှာ ip_address:4848 ခေါ်လိုက်မယ်ဆို အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ် ။
Glassfish home page

အကယ်၍ Glassfish server ကို Secure ဖြစ်အောင် username နဲ့ password ထည့်မယ်ဆိုရင်တော့


sudo bin/asadmin change-admin-password
Enter admin user name [default: admin]>admin <--- (default username က admin ပဲဖြစ်ပါတယ် ။)
Enter the admin password> <---Enter ပဲ ခေါက်လိုက်ရုံပါပဲ Default password မရှိပါဘူး
Enter the new admin password> <---Password အသစ်ထည့်ပါ။
Enter the new admin password again> <---Confirm Password
Command change-admin-password executed successfully.

Secure admin setting ကို အောက်ပါအတိုင်း Enable လုပ်ပေးရပါတယ် ။

sudo bin/asadmin enable-secure-admin
Enter admin user name> admin
Enter admin password for user "admin">
You must restart all running servers for the change in secure admin to take effect.
Command enable-secure-admin executed successfully.

ပြီးရင် Glassfish ကို Start and Stop လုပ်ပေးရပါမယ် ။ အမှန်ကတော့ Restart လုပ်တာဖြစ်ပါတယ် ။ Restart မပါတဲ့အတွက် Start and Stop လုပ်ရတာဖြစ်ပါတယ် ။


sudo bin/asadmin stop-domain
Waiting for the domain to stop .
Command stop-domain executed successfully.

sudo bin/asadmin start-domain
Waiting for domain1 to start …..
Successfully started the domain : domain1
domain Location: /opt/glassfish4/glassfish/domains/domain1
Log File: /opt/glassfish4/glassfish/domains/domain1/logs/server.log
Admin Port: 4848
Command start-domain executed successfully.

ip_address:4848 ကိုခေါ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီလိုဖြစ်သွားမှာပါ ။

Glassfish login page

စောစောကပေးခဲ့တဲ့ username & password နဲ့ Login ဝင်ရမှာပါ ။

3. Deploying of GitBucket

ဆက်ပြီးတော့ Gitbucket ကို Glassfish မှာ Deploy လုပ်ပါမယ် ။
ပထမဆုံးအနေနဲ့ Gitbucket ကို Download လုပ်မှာဖြစ်ပါတယ် ။

curl -OL https://github.com/gitbucket/gitbucket/releases/download/3.11/gitbucket.war

ပြီးရင် gitbucket.war ဖိုင်ကို /tmp Folder အောက်ထဲကူးထည့်ပေးပါ။

sudo cp gitbucket.war /tmp/

ပြီးလို့ရှိရင် /var/lib/ အောက်မှာ gitbucket ဆိုပြီး Folder တစ်ခုဆောက်ပေးပါ ။

cd /var/lib
sudo mkdir gitbucket

ပြီးသွားရင်တော့ server_ip_address:4848 ကို ခေါ်ပြီး Glassfish ကို Login ဝင်လိုက်ပါ ။ ပြီးရင်
Configuration > server-config > System Properties ကိုသွားပါ ။ ပုံမှာပြထားတဲ့အတိုင်း Add Property ကိုနှိပ်ပါ ။
Instance Variable name မှာ gitbucket.home
Default Value မှာ /var/lib/gitbucket လို့ထည့်ပေးပြီး Save လုပ်ပါ ။

Gitbucket Deploy

နောက်တစ်ဆင့်အနေနဲ့ Application ကိုသွားပါ ။ ပုံမှာမြင်ရတဲ့အတိုင်း Deploy ကိုနှိပ်ပါ ။

ဒီလိုမြင်ရပါလိမ့်မယ် ။ Local Packaged File or Directory That Is Accessible from GlassFish Server ကိုရွေးပြီး /tmp/gitbucket.war ကိုရွေးပေးလိုက်ပါ ။ (အဲ့ဒါကိုကျွန်တော်တို့အပေါ်မှာလုပ်ခဲ့တယ်နော် 😉 )

ပြီးရင် OK နှိပ်ပေးလိုက်ပါ ။ ဒါဆို Deploy လုပ်ခြင်းပြီးစီးပါပြီ ။ ဆက်ပြီးတော့ HTTP setting ပိုင်းကိုဆက်သွားပါမယ် ။

4. Setting up GlassFish network listener

Oracle Glassfish network listener ကို configure လုပ်မှာဖြစ်ပါတယ် ။
Configuration > server-config > HTTP Service > Http Listeners > http-listener-1 ကိုသွားလိုက်ပါ ။
ပြီးရင် Advanced ကိုကလစ်နှိပ်ပါ ။

HTTP Tab ကိုရွေးလိုက်ပါ ။

ဒီနေရာမှာ Gitbucket အတွက် Max Post Size ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ် ။ 20MB လောက်ထားရင်အဆင်ပြေပါတယ်။ ပိုထားရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ 20MB နဲ့ပဲလုပ်ပြမှာဖြစ်ပါတယ် ။ Byte နဲ့ ဖြည့်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ 1024 x 1024 x 20 = 20971520 Bytes ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းဖြည့်ပေးပြီးရင် Save လုပ်လိုက်ရုံပါပဲ ။

ဒါဆိုရင် Gitbucket installation ပြီးစီးပါပြီ ။ ip_address:8080/gitbucket လို့ခေါ်လိုက်မယ်ဆိုရင် Gitbucket Home Page ကိုစမြင်ပြီဖြစ်ပါတယ် ။ ပုံမှန် Github အသုံးပြုသလိုပဲ အသုံးပြုနိုင်ပါပြီ ။

Default username က root ဖြစ်ပြီး password ကလည်း root ပဲဖြစ်ပါတယ် ။ အခုအနေအထားမှာ user တွေကတန်းပြီး Register လုပ်သုံးလို့မရသေးပါဘူး Admin Approval လိုပါတယ် ။ ဒါကြောင့်မို့ root account နဲ့ login ဝင်ပြီး System Administration > System Settings ထဲမှာသွားပြီး Setting တစ်ချို့ပြင်ပေးဖို့လိုအပ်ပါတယ် ။ ဒါတွေကတော့ Github သုံးတတ်တယ်ဆို ကျန်တာနားလည်သွားပြီမို့လို့ ထည့်မရေးပါပေးတော့ပါဘူး ။ ဒီလောက်နဲ့ပဲကျေနပ်ကြမယ်ထင်ပါတယ် ။
ဒီ Article အတွက် Hidekuro ကို Credit ပေးပါတယ် ။ မူရင်းQiita က Article ကိုမှီငြမ်းထားတာဖြစ်ပါတယ် ။

***ဒီ Installation ကို Ubuntu 14.04 နဲ့ 15.10 ပေါ်မှာစမ်းသပ်ထားပြီးဖြစ်ပါတယ် ။အဆင်မပြေတာ အခက်အခဲရှိတာမျိုးဖြစ်ဖြစ် တစ်ခုခုအကြံပြုချင်တာမျိုးပဲဖြစ်ဖြစ် ကျွန်တော့်ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ် ။ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

[email protected]
fb.me/aungkokomyintoo
http://twitter.com/kafkatamura13
linkedin.com/in/kafkatamura13
github.com/kafkatamura13