Ck4Ubuntu

Keep Learning Keep Sharing

  • Home
  • ck
  • Youth Sharing Knowledge
  • Ubuntu Myanmar LoCo Team
  • ck
  • Ubuntu One FREE for everyone
  • Installaltion
  • Software
  • Community
  • My Story
  • Ubuntu Tablet
  • Raspberry Pi
  • UbuntuMM
  • cloud
  • ubuntu-mm
  • Ubuntu Myanmar Lo Co Team
  • Ubuntu-MM events
  • Software
  • community
  • install
  • CLI
  • Office for Ubuntu
  • UbuntuMM
  • Ubuntu
  • apt-get
  • Twitter
  • nitro share
  • Youth Sharing Knowledge

Variety Wallpaper Changer for Ubuntu

March 4, 2016 chitkoko Leave a comment Community, install20things, Installaltion, Ubuntu, UbuntuMM

Variety Wallpaper Changer for Ubuntu

Terminal ကိုဖွင့်ပါ။ ပြီးနောက် အောက်ပါ command တို့ကိုရိုက်ပါ ။

sudo add-apt-repository ppa:peterlevi/ppa
sudo apt-get update
sudo apt-get install variety; sudo apt-get install -f

သွင်းပြီးနောက် Terminal တွင် အောက်ဖော်ပြပါ command ကို ရိုက်ပါ ။

variety

variety_preferences

General Tab တွင် သင် လိုအပ်သလို အချိန် များ ၊ wallpaper source များကို ရွေးချယ်နိုင်ပါမည် ။

Tip and Trick တို့ကို နောက်ဆုံး ဒုတိယ Tab တွင်လေ့လာနိုင်ပါသည် ။

credit to :http://peterlevi.com/variety/

Tags: apt-get, CLI, community, Installation, Office for Ubuntu, Software, ubuntu myanmar loco team, ubuntu-mm, variety |

things to do after Ubuntu 13.10 saucy

December 3, 2013 chitkoko 2 Comments Community, Installaltion, sh, Software

Ubuntu 13.10 OS အား ကျွန်တော်၏ စက်မှာ သွင်းပြီးနောက် စက်စတင် ဖွင့်သည့် အချိန်မှ စတင်၍ login screenဝင်ရောက်ရန် ကြာချိန်မှာ ၅၀ စက္ကန်. ဖြစ်ပါသည်။ထို့နောက်ထပ်မံ၍လိုအပ်သော မရှိမဖြစ်ထည့်သွင်း သင့်သည့်Applications များ၊ source များကို ထပ်မံ ထည့်သွင်းပါသည်။ဦးစွာပထမ မြန်မာ fonts and keyboardအတွက်အလွယ်တစ်ကူအဆင်ပြေစေသော myanmar fonts installation ပြုလုပ်နိုင်ရန်အတွက် အောက်ဖော်ပြပါ link တွင် zawgyixkb.zip  ကို download ပြု လုပ်ပါ –

http://ubuntuone.com/7j1avWwAg26nI7apAg2gNp

ပြီးနောက် zawgyixkb.zip ကို right click နှိပ်၍ Open with Archive manager ကိုရွေးပါ – extract to Desktop  ပြုလုပ်ပါ ၊ပြီးနောက် zawgyi_xkb.sh ကို  အောက်ပါအတိုင်း ထည့်သွင်းနိုင်သည်-

cd Desktop

ls

sudo chmod +x  zawgyi_xkb.sh

sudo ./zawgyi_xkb.sh

zawgyi_xkb from 2013-12-03 07:34:11

ပြီးနောက် .. System Setting > Text Entry  ကိုဖွင့် ပါ ။

Text entry from 2013-12-03 10:10:52

Burmese Zawgyi keyboard ကို  + မှတဆင့်ထပ်ထည့်ပါ ။

Switch to next source using  တွင် သင် အသုံးပြုလိုသော short cut ကိုထည့်သွင်းအသုံးပြုနိုင်ပါသည် ။

 

Update Repositories

update from 2013-12-03 07:42:46

Repositories ကို Update ပြုလုပ်ရန် –

Dash > Type- update

Software updater ကို  နှိပ်ပါ။(  သို့ )

Crtl + Alt + T  > open Terminal

sudo apt-get update; sudo apt-get upgrade

Install Ubuntu Restricted Extras 

သင်သည် Ubuntu ကို installation ပြုလုပ်စဉ် 3rd party software များနှင့် mp3 plugin တို့ကို အောက်ဖော်ပြပါ နေရာတို့တွင် အမှန်မခြစ်ခဲ့ လျှင် ..

3rd partyfrom 2013-12-03 07:50:14

mp3, avi, flash videos  ဖိုင် format တို့ကို အသုံးပြုနိုင်ရန် apt:ubuntu-restricted-extras  ဟု Ubuntu Software Center တွင် ရျာဖွေ ထည့်သွင်းပါ ။

သို့   Open Terminal ( Ctrl + Alt + T)

sudo apt-get install ubuntu-restricted-extras

မှတ်ချက်။  ။ အဘယ်ကြောင့် ဆိုသော် Ubuntu တွင် Open Source software များသာ ပါဝင်ပါသည် ။

Check for Availability of Proprietary Hardware Drivers

Dash  > Software & Updates > Additional Drivers မှ တဆင့် သင် ၏ hardware driver  များကို စစ်ဆေးထည့်သွင်းနိုင်သည် ။

Graphic card driver များထည့်သွင်းရာတွင် အခက်အခဲရှိပါက

http://ubuntuforums.org/

http://askubuntu.com/

http://facebook.com/ubuntumm

http://ask.ubuntu-mm.net တို့တွင် မေးမြန်းနိုင်သည်။

Script for Ubuntu

Ubuntu စတင်အသုံးပြုသူတို့ အဆင်ပြေစေရန် အတွက်  အောက်ဖော်ပြပါ file  ကို downloadပြုလုပ်ပါ ။ အောက်ဖော်ပြပါ shfile တွင် သင်လိုအပ်သော APPLICATION , SOFTWARE နှင့်  EBOOKS တို့ ကို သင်၏စက်အတွင်းသို့ အဆင့်ဆင့်ထည့်သွင်းသွားမည်။ password =YOUR LOGIN PASSWORD

http://ubuntuone.com/7gl14Rv4bPFtwYLx9HtnZp

ပြီးနောက် -install-20-thing.sh ဖိုင်ကို  Desktop သို့ copy ကူးပါ ၊

Open Terminal _Ctrl + Alt + T and  copy and step by step …

cd Desktop

sudo  +x install-20-thing.sh

sudo ./ install-20-thing.sh

REMARKS >>> Make sure your machine must have INTERNET CONNECTION .

 

thank for reading my article .

saintjohn769@ubuntu.com

info@ubuntu-mm.net

my laptop

 

Tags: Software, thingstodo, Ubuntu13.10 |

Facebook Messenger ကို Ubuntu မှာ ဘယ်လိုသုံးမလဲ ။

November 22, 2013 chitkoko Leave a comment Installaltion, Software

facebook messenger သည် browser မှနေ၍ facebook ကို အသုံးမပြုဘဲ application တစ်ခုအနေဖြင့် သင်၏ desktop မှ တဆင့် facebook account သို့ ဝင်၍
send/receive voice messages ( အသံဖြင့် message ပို့ခြင်း ၊ လက်ခံစကားပြောနိုင်ခြင်း)
text messages ( စာသားဖြင့် message ပို့ခြင်း ၊ လက်ခံစကားပြောနိုင်ခြင်း)
video calling (သင်၏ webcam မှ တဆင့် အပြန်အလှန် ရုပ်မြင်စကားပြောနိုင်ခြင်း)
နှင့် send files ( သင်ပို့လိုသော text files စာရွက်စာတမ်းများ၊ imagesဓါတ်ပုံများ ၊ software packages ဆော့ဝဲလ် များပို့နိုင်ခြင်း) တို့ကို အလွယ်တကူအသုံး ပြုနိုင်ပါသည်။ ဤ application ကို open-source MQTT protocol ကို အသုံးပြုထားပါသည်။

facebook messenger ကို linux အသုံးပြုစက်များတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိပါ။ သို့သော် ယခုအခါ linux အသုံးပြုစက်များ တွင်  ပြီးစီးအောင် ဆောင် ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။  chat sidebar ၊chat popup windows နှင့် notification တို့ကို browser အပြင်ဘက်တွင်တွေ့မြင်ရမည်။ webupd8 team ၏တီထွင်ဖန်တီးမှုဖြစ်ပါသည်။ubuntu operating system မှာ ဘယ်လိုထည့်သွင်းမလဲ ဆိုတာကြည့်ရအောင်-

facebook messenger install ပြုလုပ်ခြင်း

Step 1 .Dash > Terminal or Ctrl +Alt +T ကိုဖွင့်ပါ –

Step 2 . webupd8 team မှရေးသားထားသော application ကိုထည့်သွင်းနိုင်ရန်အောက်ပါ Command Copy ကူးယူပါ၊

sudo add-apt-repository ppa:nilarimogard/webupd8

Screenshot from 2013-11-22 08:33:02

 

Press [ENTER] to continue or ctrl-c to cancel adding it .စတမ်းပေါ်ပါက Enter ကိုနှိပ်ပါ၊

Step 3. repository ကို Update ပြုလုပ်ရန်

            sudo apt-get update

Step 4.  the repository ကို  update ပြုလုပ်ပြီးနောက်  facebook messenger ကို install ပြုလုပ်ပါ

sudo apt-get install fbmessenger

ထည့်သွင်းမှု ပြီးပါနောက် အောက်ဖော်ပြပါအတိုင်း login ဝင်ပြီးနောက် ဆက်လက်သုံးစွဲနိုင်ပါသည် ။
်

fblogin from 2013-11-22 09:40:36

Ubuntu Myanmar LoCo Team

Ubuntu Myanmar LoCo Team

Credit to HoNo ,  easytricksportal , webupd8 Team

Tags: 13.10, fbmessenger, howto, Software, ubuntu-mm |

ubuntu one free for everyone

November 15, 2013 chitkoko Leave a comment Installaltion, Software, Ubuntu mobile

Ubuntu One

Ubuntu One application သည် Ubuntu Operating System  ၏ Cloud ဝန်ဆောင် မှု တစ်ခုဖြစ်သည့်အပြင် register လုပ်ထားပါက  5 Gb free cloud storage ရရှိမည်ဖြစ်ပါသည်။

https://login.ubuntu.com/d5TTBpVQDlC570CQ/+new_account သို့သွားပါ။ Account တစ်ခုတည်ဆောက်ပါ။

ထို့နောက်သင် cloud ပေါ်သို့ sync လုပ်လိုသော file များကို  Ubuntu One Folder တွင်းသို့ ပြောင်းရွှေ့ ထားရုံဖြင့် သင်သည် သင် ၏ file များကို device များမှ ပြန်လည်ရယူသုံးစွဲနိုင်ပါသည် ။

ယင်းကဲ့သို့ ပြန်လည်ရယူသုံးစွဲနိုင်ရန် မဖြစ်မနေ internet connection လိုအပ်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက် များကိုလေ့လာရန် https://one.ubuntu.com/help/faq/#account_referrals တွင် မိမိအသုံးပြုလိုသည်တို့ကို လေ့လာနိုင်ပါသည်။

 

Download

Ubuntu One for Ubuntu ကို ဖော်ပြပါ Link မှတဆင့် download လုပ်၍ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Ubuntu 12.10 တွင် default application တစ်ခု အဖြစ် ပါဝင်လာခဲ့ပါသည်။

Ubuntu One Mac

Ubuntu One for Mac

Ubuntu One for Windows

Ubuntu One for Windows

Ubuntu One for Android

Ubuntu One for Android  အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။ သို့ https://www.dropbox.com/sh/j8g71qs3smabhwz/ylWOWVYx4w တွင် apk and ipa ကို download လုပ်နိုင်သည်။

Ubuntu One Music

တလက်စတည်း Ubuntu One Music for Android ကို ပါ မိတ်ဆက်ပေးလိုက်ပါတယ်။  QR Code မှတဆင့် (သို့) 1Mobile Market မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။  Ubuntu One Music for Android သည် သင်နှစ်သက်နားဆင်လိုသောသီချင်း တို့အား ကမ္ဘာ ၏ မည်သည့်နေရာ မှ မဆို ရယူနားဆင်နိုင်ရန် ကူညီပေးမည့် App တစ်ခုဖြစ်ပါသည်။ Google Play မှ download လုပ်ပြီးရယူသုံးစွဲပါက ရက် ၃၀ အခမဲ့ သုံးစွဲ နိုင်ပြီး 20 Gb Storage ရရှိမည်ဖြစ်သည်။ တစ်လ အတွက် ဝန်ဆောင်ခနှုန်း မှာ ဒေါ်လာ ၃.၉၉ သာ ဖြစ်ပါသည်။ ယခု Ubuntu One Music Store မှနေ၍ သင်ကြိုက်နှစ်သက်ရာ သီချင်း တစ်ပုဒ် ကို ဝယ်ယူပါက  6 months Music Streaming + 20GB storage အခမဲ့ရမည် ဖြစ်သည်။ (only promotion period )

 

Ubuntu One for iPhone

Ubuntu One for iphone အတွက်ဖော်ပြပါ QR Code မှတဆင့် (သို့) Apple app store  မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။

Ubuntu One Music

 

တလက်စတည်း Ubuntu One Music for iPhone ပါ မိတ်ဆက်ပေးလိုက်ပါတယ်။  QR Code မှတဆင့် (သို့) Apple app store မှတဆင့် Download လုပ်၍ အသုံးပြုနိုင်ပါသည်။

Ubuntu One နှင့်ပတ်သက်၍ အခက်အခဲရှိပါက Chit Ko Ko Win_ saintjohn769@ubuntu.com သို့ မေးမြန်းနိုင်ပါသည်။

 

 

 

 

 

 

 

Tags: Software, Ubuntu, Ubuntu One Music, ubuntu-mm, UbuntuOne |

Easy Raspberry Pi Setup Guide for MYANMAR

August 20, 2013 chitkoko 3 Comments Community, Installaltion, My Story, Raspberry Pi

Raspberry Pi Setup Guide

Raspberry_Pi_Logo.svg

Raspberry Pi ဆိုသည်မှာ credit size သာသာရှိသော single board computer တစ်ခုဖြစ်ပြီး ကျောင်းများတွင် computer science များ သင်ကြားရာတွင်ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် UK ရှိ Raspberry Pi Foundation မှစတင်ခဲ့ ပါသည်၊စတင်ထုတ်လုပ်ပြီးနောက် ပိုမို အသုံးတည့် သဖြင့်သုံးစွဲသူများ စွာရှိခဲ့ပါ သည်။ထွက်ရှိခဲ့သော အမျိုးအစား နှစ်မျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်-

Specifications

Note, the Compute module column refers to the bare Compute module, not connected to any IO board.

Feature Model A Model B Model A+ Model B+ Compute Module
BRCM2835 SoC Yes Yes Yes Yes Yes
Standard SoC Speed 700Mhz 700Mhz 700Mhz 700Mhz 700Mhz
RAM 256MB 512MB* 256MB 512MB 512MB
Storage Full SD Full SD Micro SD Micro SD 4GB eMMC
Ethernet 10/100 No Yes No Yes No
HDMI output port Yes Yes Yes Yes Yes
Composite video output Yes Yes On 3.5mm jack On 3.5mm jack Yes
Number of USB2.0 ports 1 2 1 4 1
Expansion header 26 26 40 40 N/A
Number of available GPIO 17 17 26 26 48
3.5mm audio jack Yes Yes Audio/Video Audio/Video N/A
Number of camera interface ports (CSI-2) 1 1 1 1 2
Number of LCD display interface ports (DSI) 1 1 1 1 2
Power (bare, approx, 5v) 300mA, 1.5W 700mA, 3.5W 650mA, 3W
Size 85 x 56 x 15mm 85 x 56 x 17mm 65 x 56 x 12mm 85 x 56 x 17mm 62 x 30 x 3mm
  • Early Model B boards had 256MB RAM
  • credit to raspberrypi.org

Raspberry Pi Setup

သင်အသုံးပြုလိုသော ဆက်စပ်သုံးပစ္စည်းများပေါ်မူတည်၍ Raspberry Pi ကို တပ်ဆင်အသုံးပြု

နည်းများစွာ ရှိပါသည်။

Power (ပါဝါ)Raspberry Pi အတွက် အသုံးပြုသော power connector

( ပါဝါကြိုး ) သည် smart phone စမတ်ဖုန်း များတွင် အသုံးများသော micro USB power connector ကိုအသုံးပြုထားပါသည်။အသုံးပြုရမည့် PSU ( power supply unit ) မှာ5V နှင့်700mA (0.7A) ခန့် ရှိရမည်။ အသုံးများ သော PSU များတွင် အထောက်အပံ့ပေးသော mA တို့ကို PSU unit တို့တွင်ရေးမှတ်ထားလေ့ရှိသည်။2000mA(2.0A) ထိအထောက်အပံ့ပေးသည်ကိုတွေ ့ရသည်။

Screenshot from 2015-10-18 06:53:47Power adapter

USB

Raspberry Pi တွင်ပါဝင်သော USB ports များသည် ပါဝါများများသုံးသော devices များကို အသုံးမပြုနိုင်ပဲ ၊ ပါဝါအစားနည်းသော devices များ (~100mA) ကိုသာအသုံးပြုနိုင်မည်။ ထိုကြောင့်  အခြားဆက်စပ် အသုံးပြုလိုသောအတွက် လုံလောက်သော power ကိုရရှိအသုံးပြုနိုင်ရန်အတွက် raspberry pi ရှိ USB port တွင် ချိတ်ဆက်အသုံးပြုရမည့် USB HUB သည်သီးခြားပါဝါ အသုံးပြုရန် အတွက် ညွှန်ကြားထားပါသည် ။Screenshot from 2015-10-18 06:54:10USB connector

Control

Raspberry Pi ကို တိုက်ရိုက် control လုပ်ရမည့် ဆက်စပ်ပစ္စည်းများမှာ Mouse နှင့် Keyboard တို့ဖြစ်ပါသည်။ ထိုကဲ့သို့အသုံးပြုနိုင်ရန်အတွက် wireless စနစ်သုံး သို့ standard USB mouse နှင့် keyboard တို့ကိုအသုံးပြုရမည်။ PS2 mouse နှင့် keyboard တို့ကိုအသုံးပြုမည် ဆိုလျှင်  USB adapter ကြားခံပစ္စည်း လိုအပ် မည်ဖြစ်သည် ။

အကယ်၍ bluetooth စနစ်သုံး mouse နှင့် keyboard တို့ကိုအသုံးပြုမည်ဆိုပါက အဆိုပါပစ္စည်းများကို ချိတ်ဆက်အသုံးပြုနိုင်ရန် တန်ဖိုးနည်း Bluetooth USB adapter လိုအပ်ပြီး ချိတ်ဆက်သုံးစွဲနိုင်ရန် setup ပြုလုပ်ရမည်ဖြစ်သည်။

Wireless Keyboard and Mouse

Display

Display ကိုအသုံးပြုရန် သင်အတွက်အဆင်ပြေနိုင်သော ပစ္စည်း (TV/LCD monitor )တို့ကိုသုံးနိုင်ပါသည် ။TVများတွင် HDMI connection အပေါက်များ နှင့် အသစ်ထွက် LCD Monitor များတွင် DVI connection အပေါက်များ ပါရှိပြီး HDMI to DVI adaptor ကိုသင်သုံးစွဲရမည်ဖြစ်ပါသည်။

HDMI to DVI Adaptor / Cables ရွေးချယ်လျှင်သတိထားရမည့်အချက်မှာ-

photo credit to Networktechinc

DVI ports များစွာရှိသည့်အထဲတွင် ပုံတွင်ဖော်ပြထားသည့် DVI-D type( အမှန်ခြစ် ) သည် monitor များစွာတွင်အထောက်အပံ့ပေးသည်။အပေါက်လေးပေါက်ပါ DVI-A/DVI-I type ( အမှားခြစ်)ကိုမူ ယင်း type ကိုအထောက်အပံ့ပေးသော monitor တို့တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။

Tip : ဆက်စပ်သုံးစွဲမည့် ပစ္စည်းများကိုRaspberry Pi နှင့် connection သေချာချိတ်ဆက်ပြီးမှpower on ပါ။သင်အသုံးပြုမည့် Display နှင့်SDcard တို့အား ချိတ်ဆက်ခြင်း၊ ချိတ်ဆက်မှုဖြုတ်လိုသည့် အခါတိုင်း power ကိုဦးစွာ ပိတ်ပြီးမှ ပြုလုပ်ပါရန် ညွှန်ကြားပါသည်။

HDMI to DVI adapter

HDMI to VGAကို အသုံးပြုလိုပါက အသုံးပြုနိုင်ပါသည်။ များသောအားဖြင့်ယင်းကြိုးတို့သည် ဈေးကြီးပါသည် ။ A passive HDMI/DVI to VGA adapter သည် Raspberry Pi တွင်အလုပ်မ လုပ်ခြင်းမှာ လိုအပ်သော Analogue signals များကို  Raspberry Pi  မှ generated မလုပ်နိုင်သောကြောင့် ဖြစ်သည်။

HDMI to VGA

Analogue RCA output သည် TV အဟောင်းများ ၊ screen အသေးများနှင့် video capture devicesများကိုချိတ်ဆက် အသုံးပြုနိုင်ပါသည်။ အခြေခံအသုံးပြုမည့်သူများအတွက် 640*480 resolution သည် သင့်တော်ပါသည်။ကြိုးနှစ်မျိုးလုံးကိုချိတ်ဆက်ထားပါ RaspberryPi  မှ HDMI ကို default အဖြစ်သာရွေး ချယ်ပါမည်။

Internet Connection

အလွယ်ကူဆုံးနည်းလမ်း တစ်ခုအနေဖြင့် Internet Connectionချိတ်ဆက်လိုလျှင် RJ45 network ကြိုး ဖြင့် သင်၏ router သို့ modem  အား ချိတ်ဆက်နိုင်ပြီး USB Wifi dongle အသုံးပြု၍ Wifi connection ကိုချိတ်ဆက်လိုပါကလည်း setup ပြုလုပ်ရမည်ဖြစ်သည်။

RJ45

 

Wifi Dongle

Basic Equipment ( အခြေခံလိုအပ်သောပစ္စည်းများ)

၁။ Micro USB Charger ( အနည်းဆုံးပါဝါ လိုအပ်ချက် 5V 700mA ) နှင့် micro USB cable တို့လိုအပ်ပါသည်။

၂။ SD Card ( 2Gb အထက် မှ SDHC 32Gb ) Class 4 recommand နှင့် card reader

၃။ Display အတွက်သင်အသုံးပြုလိုသောစက်အတွက် cable သို့  HDMI Cable

၄။ Mouse နှင့် Keyboard ( wireless or wired )

၅။ ပါဝါသီးသန့်ပေး၍ရသောUSB HUB ( USB devices များကို အမြင့်ဆုံးပါဝါ ပေးနိုင်သည်ကိုညွှန်ကြားသည်။)

၆။ Network Cable နှင့် အသံအတွက် audio ကြိုး

Recommended Hardware များကိုအောက်ဖော်ပြပါ site တွင် ကြည့်နိုင်ပါသည်။

–  http://elinux.org/RPi_VerifiedPeripherals

Example Hardware Setup

HDTV Setup

HDTV setup from 2013-08-26 15:20:57

A . Power : Micro USB Charger

B. SD Card : Standard Size SD Card

C. HDMI : Connected to HD TV HDMI input for 1080p & digital audio

D. LAN : Wire connection to network hub/ Switch

E. USB : Wirelwss RF Dongle for Mouse and Keyboard

LCD Monitor Setup
LCD monitor set up 2013-08-26 15:21:30

A . Power : Micro USB Charger

B. SD Card : Micro SD Card with Full Size Adapter

C. HDMI : Connected to HDMI to DVI-D adaptor, then into momitor DVI input for 1080p (no audio)

D. LAN : Wire connection to network hub/ Switch

E. USB : USB Mouse and USB Keyboard

F. Audio : 3.5mm Audio out to speakers/ headphones

Video Out Setup

video Out from 2013-08-26 15:27:42

A . Power : Micro USB Charger / High Capacity Mobile Battery (rated output at 5V 700mA or more )

B. SD Card : Micro SD Card with Full Size Adapter

C. RCA Video : Connected to connected toeither TV In/SCart adaptor (European-TV connection )/ USB Video Capture Device

D. LAN : Wire connection to network hub/ Switch

E. USB : USB Mouse and USB Keyboard or Bluetooth/Wirelwss RF Dongle for Mouse and Keyboard

F. Audio : 3.5mm Audio out to speakers/ headphones

SDCard Setup

Raspberry Pi website မှ download ပြုလုပ်ပါက -

RPI download 1_ 2013-08-26 15:58:15Wheezyfor Pi 2013-08-26 16:00:00

Raw Image 2013-08-26 15:59:34

Wheezyfor Pi 2013-08-26 16:00:00

Pidora & Arch 2013-08-26 16:00:35

Risc for Pi 2013-08-26 16:00:58

  • http://www.raspberrypi.org/downloads Download စာမျက်နှာ တွင်သင်အသုံးပြုလို၍ download လုပ်ထားသော ( OS file size ) OSဖိုင်ဆိုဒ် ပြည့်ခြင်း ၊ ပျက်စီးမှုရှိ–မရှိ စစ်ဆေးရန် (using SHA-1 checksums) ကိုအသုံးပြုရန် တိုက်တွန်း ညွှန်ပြထားပါသည်။

  • သင်အသုံးပြုလို၍ download လုပ်ထားသော OS အတွက် user name နှင့်password တို့ကိုပါ ရေးမှတ်ထားသင့်ပါသည်။

မှတ်ချက် ။ ။ သင်လိုအပ်သည်မှာ-

  • SDCard 2Gb သို့ 2Gb ထက်ပိုသော ( သင်အသုံးပြုလိုသော OS နှင့် အခြားလိုအပ်ချက်များ)

  • SD Card Reader

  • Linux/ Windows အသုံးပြုနိုင်သော ကွန်ပျူတာမှလည်း SD card သို့ မိမိအသုံးပြုလိုသော operating system ကို ထည့်သွင်းနိုင်ပါသည်။

အောက်ဖော်ပြပါ instructions သည် debian6-19-04-2012.zip ကို ပြုလုပ်ခြင်းဖြစ်ပါသည်။

SD card setup with Windows ( Windows မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

(၁) ဦးစွာပထမ operating system zip ဖိုင်ကို download ပြုလုပ်ပါ ။

(၂) ပြီးနောက် zip file ကို ဖြေပါ။ tar/bz2 ဖိုင်ဖြေရန်အတွက် Pea Zip ကို www.peazip.com တွင်ရယူအသုံးပြုနိုင်ပါသည်။

(၃) extract ပြုလုပ်ပြီးနောက် .img (2Gb) ပမာဏရှိသော ဖိုင်ကို ရရှိမည်။

(၄) .img ဖိုင် ကို SD card အတွင်းထည့်သွင်းနိုင်ရန်အတွက် Window32DiskImager ကိုhttp://www.raspberrypi.org/downloads သို့

http://sourceforge.net/projects/win32diskimager/files/latest/download တွင်ရယူအသုံးပြုနိုင်ပါသည်။

(၅) မှတ်ချက် ။ အခြား sd card များ ၊memory stick များကို ဖြုတ်ထားပါ။မှားယွင်း၍ format ရိုက် မိမည့်အတွက်ဖြစ်ပါသည်။

သင်၏ sd card ကို card reader အတွင်းသို့ထည့်ပြီးနောက်

သင်extract ပြုလုပ်ထားသော .img ဖိုင်ကိုရွေး၍ အသုံးပြုနိုင်ပါသည်။

သင်ထည့်သွင်းလိုသော sd card ၏ Drive letter ကိုရွေးပါ ။အဆိုပါ လုပ်ဆောင်ချက် သည် သင်၏ sd card ရှိ data များအားဖျက်လိုက်မည် ဖြစ်သည်။

write ကိုနှိပ်ပြီးနောက်သင်၏ sd card အတွင်း program မှ OS ကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

Writing an SD card from OSX (MAC OSX မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

SD card Set up from MAC

၁။Terminal Utility ကို/Applications/Utilities တို့မှတဆင့် ဝင်ရောက်

၍ command line prompt အသုံးပြုရန်အတွက် ဖွင့်ပါ ။

၂။ သင်၏ SD card ကို ကွန်ပျူတာအတွင်းသို့ မထည့် ထားပဲ CLI တွင် df -h ဟုရိုက်ပါက df program မှ သင့်ကွန်ပျူတာအတွင်းရှိ Harddisk volumes နှင့် free space ပမာဏ တို့ကိုသေချာစွာ ရေးမှတ်ထားပါ။

၃။ ယခု SD card ကို ထည့်ပြီးနောက် df -h ဟုထပ်မံရိုက်ပါ ။

၄။ ယခင် SD card မထည့်မှီ နှင့် ထည့်ပြီးနောက် ဖော်ပြသော ကွာခြားချက်တို့ကို စစ်ဆေးပြီးနောက် သင် SD card ၏ ပမာဏ နှင့် အမည် တို့ကို သင်တွေ့ရမည်။ ဥပမာ – /Volumes/Untitled အနေဖြင့် mount နေပြီး ၊ device ၏အမည်ကို /dev/disk3s1ဟု သင်မြင်ရမည်။သင့် SD card အမည်နှင့် volume တို့ကို ရေးမှတ်ထားပါ။

၅။SD card အတွင်း OS ထည့်သွင်းခြင်းမပြုမှီ unmount ပြန်လုပ်ရမည် ။unmount ပြုလုပ်ရန် အတွက် –

sudo diskutil unmount /dev/disk3s1

(မှတ်ချက်။ ။ /dev/disk3s1 နေရာတွင် သင်ခုနကရေးမှတ်ထားသော သင့် SD card ၏ အမည်ကို ရေးပါ။) အထက်ပါ command line သို့ Disk Utility ကိုအသုံးပြု၍ လည်း သင် unmount ပြုလုပ်နိုင်သည်။

၆။ /dev/disk3s1 နေရာတွင် /dev/rdisk3 ဟုအမည်ပြောင်းပါ ။ယခုလိုအမည်ပြောင်းရာတွင် အရေးအကြီးဆုံး မှာ SD card အမည် ကိုသေချာစွာ df -h ဟုထပ်မံရိုက် စစ်ဆေးပြီးမှသာပြုလုပ် သင့်ပါသည်။*****သင်မှားယွင်း၍ သင်၏ hard drive ကို ပြုလုပ်မိပါက data များပျောက် ဆုံးနိုင်ပါသည်။*****

၇။ သင့်ကွန်ပျူတာ၏ home directory အတွင်း သို့ image file ကိုထားပါ။ သင်ယခု Unix utility တစ်ခုဖြစ်သော dd command ကိုအသုံးပြု၍ .img ဖိုင်ကို SD card အတွင်းသို့ကူးထည့်မည်။

အောက်ဖော်ပြပါ command ကိုသုံးပါမည်။

sudo dd bs=1m if=~/2013-09-18-wheezy-raspbian.img of=/dev/rdisk3

sudo = Super User Do as root user

dd = Unix utility command

bs=1m = ကူးယူမည့်နှုန်း 1m သည် 1MB ကို ရည်ညွှန်းသည်

if=~/2013-09-18-wheezy-raspbian.img = input file source

of=/dev/rdisk3 = output file source

၈။ image ဖိုင်ကူးယူရန်မိနစ်အနည်းငယ်ကြာပါမည်။ ကူးရေးပြီးနောက် status ပြပြီးနောက်သင့် SD card ကို စတင်၍ Raspberry Pi တွင်တပ်ဆင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။

Writing an SD card from Linux ( Linux မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

SD card Setup from Ubuntu from 2013-08-26 15:49:30

၁။Terminal Utility ကို/Applications/Utilitiesတို့မှတဆင့် ဝင်ရောက်

၍ command line prompt အသုံးပြုရန်အတွက် ဖွင့်ပါ ။(Ctrl+Alt+T)

၂။ သင်၏ SD card ကို ကွန်ပျူတာအတွင်းသို့ မထည့် ထားပဲ CLI တွင် df -hဟုရိုက်ပါက df program မှ သင့်ကွန်ပျူတာအတွင်းရှိ Harddisk volumes နှင့် free space ပမာဏ တို့ကိုသေချာစွာ ရေးမှတ်ထားပါ။

၃။ ယခု SD card ကို ထည့်ပြီးနောက် df -h ဟုထပ်မံရိုက်ပါ ။

၄။ ယခင် SD card မထည့်မှီ နှင့် ထည့်ပြီးနောက် ဖော်ပြသော ကွာခြားချက်တို့ကို စစ်ဆေးပြီးနောက် သင် SD card ၏ ပမာဏ နှင့် အမည် တို့ကို သင်တွေ့ရမည်။ ဥပမာ – /media/DATA အနေဖြင့် mount နေပြီး ၊ device ၏အမည်ကို /dev/sdb1ဟု သင်မြင်ရမည်။သင့် SD card အမည်နှင့် volume တို့ကို ရေးမှတ်ထားပါ။

၅။SD card အတွင်း OS ထည့်သွင်းခြင်းမပြုမှီ unmount ပြန်လုပ်ရမည် ။unmount ပြုလုပ်ရန် အတွက် –

sudo umount /dev/sdb1

(မှတ်ချက်။ ။ /dev/sdb1 နေရာတွင် သင်ခုနကရေးမှတ်ထားသော သင့် SD card ၏ အမည်ကို ရေးပါ။) အထက်ပါ command line သို့ Disk Utility ကိုအသုံးပြု၍ လည်း သင် unmount ပြုလုပ်နိုင်သည်။

၆။သေချာစွာ df -h ဟုထပ်မံရိုက် စစ်ဆေးပြီးမှသာပြုလုပ် သင့်ပါသည်။*****သင်မှားယွင်း၍ သင်၏ hard drive ကို ပြုလုပ်မိပါက data များပျောက် ဆုံးနိုင်ပါသည်။*****

၇။ သင့်ကွန်ပျူတာ၏ home directory အတွင်း သို့ image file ကိုထားပါ။ သင်ယခု Unix utility တစ်ခုဖြစ်သော dd command ကိုအသုံးပြု၍ .img ဖိုင်ကို SD card အတွင်းသို့ကူးထည့်မည်။

အောက်ဖော်ပြပါ command ကိုသုံးပါမည်။

sudo dd bs=1m if=~/2013-09-18-wheezy-raspbian.img of=/dev/sdb

Ubuntu OS အသုံးပြုသူများအနေဖြင့် ImageWriter အမည်ဖြင့် Ubuntu Software Center တွင်ရှာဖွေ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

let me introduce my Pi Testing at Home video

http://youtu.be/CNNc8d9-vOA

http://youtu.be/SxIptd-cXrY

Have a nice day …

Chit Ko Ko Win

saintjohn769@ubuntu.com

http://chitkoko.ubuntu-mm.net , www.chitkokowin.com

http://ask.ubuntu-mm.net

Tags: Pi4apps, PiSetup, RaspberryPi, RPI, Software, Ubuntu Myanmar Lo Co Team, ubuntu-mm |

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

Subscribe

  • Entries (RSS)
  • Comments (RSS)

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

CyberChimps WordPress Themes

© Ubuntu-mm Sites/ck