Ck4Ubuntu

Keep Learning Keep Sharing

  • Home
  • ck
  • Youth Sharing Knowledge
  • Ubuntu Myanmar LoCo Team
  • ck
  • Ubuntu One FREE for everyone
  • Installaltion
  • Software
  • Community
  • My Story
  • Ubuntu Tablet
  • Raspberry Pi
  • UbuntuMM
  • cloud
  • ubuntu-mm
  • Ubuntu Myanmar Lo Co Team
  • Ubuntu-MM events
  • Software
  • community
  • install
  • CLI
  • Office for Ubuntu
  • UbuntuMM
  • Ubuntu
  • apt-get
  • Twitter
  • nitro share
  • Youth Sharing Knowledge

History and Type of Programming Introduction

March 29, 2016 chitkoko Leave a comment Programming, Software

History and Type of Programming Introduction Part 1

Author: Thet Oo Zin

Email: thetoozin@gmail.com

Screenshot from 2016-03-29 11-53-49

History and Type of Programming

This guild is only for Introduction.

1970 မတိုင်ခင်က PC (Perseonal Computer) မပေါ်သေးပါ။ Mainframe ခေါ် Computer အကြီးများသာရှိပြီး size မှာ အိမ်တစ်အိမ်၊ အိမ်ခန်းတစ်ခန်းစာမျှ ကြီး မားပါသည်။ Computer တွင် Hardware and Software ဟု နှစ်မျိုးရှိပါသည်။ Hardware သည် လူ၏ကိုယ်နှင့်တူပြီး လှုပ်ရှားမှုမှန်သမျှကို ပြုလုပ်ပါသည်။ Software သည် လူ၏ဦးနှောက်နှင့်တူပြီး Hardware(ကိုယ်)ကို လှုပ်ရှားရန် ခိုင်းစေပါ သည်။ Hardware သာရှိပြီး Software မရှိပါက သတိမေ့နေသူကဲ့သို့ဖြစ်နေပါမည်။ Software သာရှိပြီး Hardware မရှိပါက လေဖြတ်သူကဲ့သို့ဖြစ်နေပါမည်။ နှစ်မျိူးစလုံး ရှိမှသာ အလုပ်လုပ်နိုင်ပါမည်။ အလွယ်အားဖြင့်ဆိုသော် လက်ဖြင့် ကိုင်တွယ်စမ်းသပ် နိုင်သမျှသည် Hardware ဖြစ်ပြီး မကိုင်တွယ်မစမ်းသပ်နိုင် သို့သော် အသုံးပြုနိုင်သမျှ သည် Software ဖြစ်သည်။

Hardware သည်တဖြေးဖြေးတိုးတက်လာပြီး သေးငယ်လာပါသည်။ Mainframe တစ်ခုတွင် Operating Software တစ်ခုရှိပါသည်။ Software ကို နှစ်မျိူးခွဲနိုင်ပါသည်။

Software has

  1. Operating Software

  2. Application Software

Operating Software သည် လူတစ်ယောက် လှုပ်ရှားသွားလာမှုကို ထိန်းချုပ်သလို အလုပ်လုပ်ပါသည်။ Application Software သည် Burmese, English စကားများကို ပြောနိုင်သလို အလုပ်လုပ်ပါသည်။ Computer တွင် Operating Software သည် မရှိမဖြစ် လိုအပ်ပါသည်။ Application Software သည် မရှိမဖြစ် မဟုတ်ပါ။ မရှိလဲရပါသည်။ ရှိလျှင်ပိုကောင်းပါသည်။

PC(Personal Computer)များ ပေါ်ပေါက်လာသောအခါ computer တစ်ခု တိုင်းတွင် Operating Software တစ်ခု မရှိမဖြစ် လိုအပ်လာပါသည်။ ထိုအချိန်က Hardware ထုတ်လုပ်သူမှာ IBM ဖြစ်ပြီး Microsoft က software ထုတ်လုပ်ပါသည်။ Apple မှ ကိုယ်ပိုင် computer များထုတ်လုပ်ပါသည်။ ထိုအချိန်မှစပြီး Hardwware and Software နှစ်မျိုးကွဲသွားပါသည်။ အခြား company များက IBM ၏ Computer နှင့်တူသော Hardware များထုတ်လုပ်ပါသည်။ ထို Computer များသည် Microsoft ၏ Operating Software ကို အသုံးပြုပါသည်။ Microsoft ၏ Operating Software ကို MS-DOS(MicroSoft-Disk Operating System)ဟု ခေါ်ပါသည်။ ထို့ကြောင့် IBM နှင့်တူသော Computer တိုင်းတွင် Microsoft ၏ Operating Software ကို အသုံးပြုပါသည်။ Apple သည် ကိုယ်ပိုင် Hardware and Software ကို ထုတ်လုပ်ပါသည်။ Apple သုံးပါက Hardware and Software စသည့် အရာအားလုံးကို Apple မှသာ ဝယ်သုံးရပါသည်။ ထိုအချိန်က Microsoft တွင် Apple ၏ မည်သည့်အရာမှ အသုံးမပြုနိုင်သလို Apple တွင် Microsoft ၏ မည်သည့်အရာမှ အသုံးမပြုနိုင်ပါ။ Microsoft တွင် မည်သည့် Hardware ကိုမဆို အသုံးပြုနိုင်သဖြင့် အသုံးပြုသူ အများဆုံးဖြစ်ပါသည်။ ထို့ကြောင့် Software ရေးသားရာတွင် Microsoft အတွက် အများဆုံးရေးသားကြပါသည်။

Computer သည် Electronic Device ဖြစ်သောကြောင့် မည်သည့်အရာကိုမှ မသိပါ။ လျှပ်စစ်မီး ရှိမရှိကိုသာ သိပါသည်။ အစပိုင်း အသုံးပြုသည်မှာ 8 bits ဖြစ်ပါ သည်။ အခန်း(၈)ခန်း နှင့်တူပါသည်။

               

ဘာမှမရှိလျှင် လူတိုင်းနားလည်ရန် 0(Zero) ဟု သတ်မှတ်ပါသည်။

               

လျှပ်စစ်ရှိပါက 1(one) ဟု သတ်မှတ်ပါသည်။

0 and 1(0,1) ကိုသာ အသုံးပြုသဖြင့် Binary System(Base 2) ဟုခေါ်ပါ သည်။ ယခု လူတိုင်းအသုံးပြုနေသော Number မှာ 0 to 9 (0,1,2,3,4,5,6,7,8,9) ဖြစ်ပြီး (Base 10) ဟုခေါ်ပါသည်။ Hexa System မှာ (0,1,2,3,4,5,6,7,8,9,A,B,C,D,E,F) ကို အသုံးပြုသဖြင့် (Base 16) ဟု ခေါ်ပါသည်။

8 bits ကို 1 Byte ဟု ခေါ်ပါသည်။ 1 Byte သည် စာလုံးတစ်လုံးကို ကိုယ်စား ပြုပါသည်။

128

64

32

16

8

4

2

1

 

 

 

 

 

 

 

 

အနီရောင် number မှာ လူသတ်မှတ်ထားသော တန်ဖိုးဖြစ်ပြီး အောက်အကွက်မှာ လျှပ်စစ် ရှိမရှိကို ဖော်ပြပါသည်။

Example (Number 5)

128

64

32

16

8

4

2

1

 

 

 

 

 

 

 

 

4 and 1 တွင် လျှပ်စစ်ရှိသဖြင့် 4 + 1 = 5 ဖြစ်ပါသည်။

128

64

32

16

8

4

2

1

0

0

0

0

0

1

0

1

လျှပ်စစ်ရှိလျှင် 1, မရှိလျှင် 0 ဟုသတ်မှတ်သဖြင့် 5 ၏ တန်ဖိုးမှာ 00000101 ဖြစ်ပါ သည်။

Programming တွင်

  1. First Generation

  2. Second Generation

  3. Third Generation

  4. Fourth Generation

ဟု ခွဲခြားနိုင်ပါသည်။

Programming အစပိုင်းတွင် ကတ်များတွင် အပေါက်ဖေါက်ပြီး အပေါက်သည် 1 အပေါက်မရှိလျှင် 0 ဟု သတ်မှတ်ပါသည်။ တစ်ကတ်ပြီးတစ်ကတ် အစဉ်လိုက် Computer ထဲထည့်ပေးရပါသည်။ First Generation Language ဖြစ်ပါသည်။

Computer ၏အစိတ်အပိုင်းများကို တိုက်ရိုက်ခိုင်းစေနိုင်ပြီး A to F (Base 16) ကိုအသုံးပြုပါက Second Generation Language ဖြစ်ပါသည်။ ကိုယ်ရေးသော အရာ မှားသည် မှန်သည်ကို မစစ်ပေးပါ။ မှားယွင်းပါက လိုချင်သောအဖြေ မရနိုင်ပါ။ Computer ပျက်သည်အထိ ဖြစ်နိုင်ပါသည်။ ရေးသားရခက်ခဲပါသည်။ Computer Major များတွင် သင်ကြားရပါသည်။ Virus များ၊ Hardware ကို တိုက်ရိုက်ထိန်းချုပ် ရန် အဓိက ရေးသားကြပါသည်။

Example – Assemble Language

section .text

global_start

_start:

mov edx,len

mov ecx,msg

mov ebx,1

mov eax,4

int 0x80

mov eax,1

int 0x80

section .data

msg db ‘Hello, world!’, 0xa

len equ $ – msg

ထို Program ကို Run လိုက်ပါက Hello, world! ဟု ပေါ်ပါသည်။

လူများ အလွယ်တစ်ကူ နားလည်ရန်နှင့် လူ၏စကားနှင့်တူသော Language များကို တီထွင်လာကြပါသည်။ Third Generation Language များဖြစ်ပါသည်။

Example – BASIC, C, C++, Java, etc.

BASIC (Beginner’s All-Purpose Symbolic Instruction Code)

10 CLS

20 PRINT “Hello, world!”

30 END

Program ကို Run လိုက်ပါက Hello, world! ဟုပေါ်ပါမည်။ အပေါ်မှ အောက် သို့ အစဉ်လိုက် အလုပ်လုပ်ပါသည်။ Program တစ်ခုလုံးကို အလုပ်မလုပ်ပါ။ တစ် လိုင်းပြီးမှ တစ်လိုင်း အလုပ်လုပ်ပါသည်။ Interpreter (ဘာသာပြန်) ကဲ့သို့ အလုပ် လုပ်ပါသည်။ တစ်လိုင်းချင်း အလုပ်လုပ်သောကြောင့် Memory အနည်းငယ်သာ အသုံးပြုပါသည်။ ထို Program ကို Run မည့်စက်တိုင်းတွင် BASIC Software ရှိရန် လိုပါသည်။ ယခင်က Programming စသင်လျှင် အသုံးပြုပါသည်။

C

#include <stdio.h>

int main() {

printf(“Hello, World! \n”);

return 0;

}

Program ကို Run လိုက်ပါက Hello, world! ဟုပေါ်ပါမည်။ BASIC ထက် အနည်းငယ် ခက်ခဲပါသည်။ Grammar ကဲ့သို့ စာလုံးများ မသုံးမနေရ သုံးရပါမည်။ Engineer field တွင် အသုံးများပါသည်။ ယခုနောက်ပိုင်း Programming စသင်ရာတွင် အသုံးပြုပါသည်။ C သည် Program တစ်ခုလုံးကို တစ်ခါတည်း Run နိုင်ရန် Application အဖြစ်ပြောင်းလဲပေးပါသည်။ Compile လုပ်သည်ဟု ခေါ်ပါ သည်။ Compile လုပ်ပြီးပါက မည်သည့် Computer တွင်မဆို Run နိုင်ပါသည်။ C ရှိ ရန်မလိုပါ။ Program တစ်ခုလုံးကို တစ်ခါတည်း Run သဖြင့် BASIC ထက် Memory ပိုသုံးပါသည်။ ပိုမြန်ပါသည်။ ယခုနောက်ပိုင်း Computer များတွင် Memory များလာသဖြင့် အခက်အခဲမရှိ run နိုင်ပါ။ သို့သော် Model သိပ်မကွာသောစက်များ တွင်သာ အဆင်ပြေပါသည်။ Model အရမ်းကွာသော စက်များတွင် Run ပါက အဖြေ ကွဲပြားမှုများ ရှိနိုင်ပါသည်။

C++

#include <iostream>

using namespace std;

int main()

{

cout << “Hello World”;

return 0;

}

C++ သည် C ထက် ပိုကောင်းအောင် လုပ်ထားပါသည်။ C တွင် Line ပေါင်း 3 သိန်းကျော်လာပါက ထိန်းရ ခက်ခဲလာပါသည်။ C သည်လည်း အပေါ်မှ အောက်သို့ အစဉ်လိုက် Run ပါသည်။ C ကို Structural Language ဟုခေါ်ပါသည်။ BASIC and C တို့သည် Graphic ရေးရန် ခက်ခဲပါသည်။ C++ သည် OOP(Object Oriented Programming) နည်းပညာကို စတင်အသုံးပြုနိုင်ပါသည်။ Graphic ရေးရာတွင် အနည်းငယ် လွယ်ကူလာပါသည်။ OOP ကို အသုံးမပြုပါက C and C++ သည် အတူတူပင်ဖြစ်ပါသည်။ OOP နည်းပညာကြောင့် Graphic Windows Software ပေါ်ပေါက်လာပါသည်။ ယခု Programming စသင်ရာတွင် အသုံးပြုပါသည်။

Java

public class MyFirstJavaProgram {

public static void main(String []args) {

System.out.println(“Hello World”);

}

}

Java တွင် C++ ၏အချို့အချက်များကို ပြုပြင်ပြီး အချို့လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းထားပါသည်။ C++ စသည်တို့သည် Computer ပေါ်တွင်သာ အလုပ်လုပ်ပါသည်။ Application ဖြစ်သောကြောင့် Virus ကူးနိုင်ပါသည်။ File Size လည်း ကြီးပါသည်။ Internet စပေါ်လာသောအခါ Speed မှာ အလွန်နှေးပါသည်။ File Size ကြီးပါက ပို့ရန် လက်ခံရန် အခက်အခဲဖြစ်လာပါသည်။ Java သည် Program တစ်ခုလုံးကို လုံး၀ Compile မလုပ်ပါ။ ထို့ကြောင့် Application မထွက်ပါ။ Class Code သာ ထွက်ပါသည်။ Run မည့် Computer တိုင်းတွင် Java Virtual Machine(JVM) ကို သွင်းထားရပါသည်။ JVM က Class Code ကို ဘာသာပြန်ပေးပါ သည်။ Java သည် C မှ Compiler နှင့် BASIC မှ Interpreter နည်းပညာကို ပေါင်း သုံးထားပါသည်။ Application မဟုတ်သဖြင့် Virus မကူးပါ။ စက်ပေါ်တွင် Run ရန် Permission တောင်းပြီး ခွင့်ပေးမှသာ Run နိုင်ပါသည်။ File Size မှာလည်း အလွန် သေးငယ်သဖြင့် Internet ပေါ်တွင် အပို့အယူလုပ်ရာတွင် အလွန်မြန်ပါသည်။ C++, BASIC စသည်တို့သည် Windows ပေါ်တွင်သာ အလုပ်လုပ်သည့်အပြင် စက် ပေါ်တွင်လည်း မှီခိုပါသည်။ Java Virtual Machine(JVM) သည် Windows and Apple စသည့် Operating Software တိုင်းအတွက်ရှိသဖြင့် တစ်ခါရေးထားသော Java Program သည် မည်သည့်စက်တွင်မဆို ဘာမှပြင်ရန်မလိုဘဲ Run နိုင်ပါသည်။ “Write once, run anywhere” ဟု ဆောင်ပုဒ်ရှိပါသည်။ Java တွင် Graphic အတွက် Build-in အစိတ်အပိုင်းများပါသဖြင့် အလွယ်တကူ ယူသုံးနိုင်ပါသည်။ အခြား Program များသည် Computer တစ်ခုတည်းအတွက်သာ ရေးနိုင်ပါသည်။ Java သည် Computer, Website, Phone စသည့်နေရာများအတွက် အသုံးပြုနိုင်ပါ သည်။ ယခု အချို့ University များတွင် Subject တစ်ခုအနေဖြင့် သင်ကြားရပါသည်။

Fourth Generation Language

ထို Language များသည် Graphic များကို ပိုအသုံးပြုရေးသားပါသည်။

Visual Basic, Visual C, Visual Basic.Net, Visual C# စသည်တို့သည် Windows စက်များတွင်ရေးသားနိုင်သော Microsoft မှ ထုတ်ကုန်များဖြစ်ပါသည်။

ASP.Net သည် Internet အတွက် ထုတ်လုပ်ထားသော Microsoft ၏ ထုတ်ကုန်ဖြစ်သည်။

Objective C သည် Apple Application များရေးသားရာတွင် အသုံးပြုသော Apple ၏ထုတ်ကုန်ဖြစ်သည်။ Mac OS, IPhone စသည်တို့အတွက် ရေးသားရာတွင် အသုံးပြုသည်။

Windows သုံးချင်လျှင် Windows Software ကိုသာ ဝယ်သုံးရန်လိုပြီး Hardware မှာ မည်သည့် Company မှမဆို ဝယ်သုံးနိုင်ပါသည်။ Apple သုံးလျှင် အားလုံး Apple မှဝယ်သုံးရပါသည်။ ထို့ကြောင့် အချို့ Programmer များက မကြိုက် ဘဲ Linux ကိုတီထွင်ကြပါသည်။ Linux သည် Open source ဖြစ်ပါသည်။ မည်သူမဆို အခမဲ့ အသုံးပြုနိုင်ပါသည်။ မည်သို့ရေးထားသည်ကိုပါ ပေးထားသဖြင့် ရေးနိုင်သူများ မည်သူမဆို ပြင်ရေးနိုင်ပါသည်။ ပြင်ထားသမျှကို အခြားသူများအား မျှဝေထားပါသည်။ ပြန်လည်ရောင်းချလိုပါက License Fee ပေးရပါသည်။ ငွေကြေးနည်းသော Company, University, School စသည်တို့တွင် အသုံးများကြပါသည်။ အစတွင် သုံးရာတွင် ခက်ခဲသော်လည်း ယခုနောက်ထွက် Version များသည် သုံးရလွယ်ကူလာပါသည်။ Linux သည် ပညာရှင်များ အဓိက အသုံးများပါသည်။ Windows သည် လူသုံး အများဆုံးဖြစ်သဖြင့် Virus အတိုက်ခံရမှု အများဆုံးဖြစ်ပါသည်။ ထို့ကြောင့် Antivirus သုံးရန်လိုပါသည်။ Apple က အရာရာကို ထိန်းချုပ်ထားသဖြင့် Virus တိုက်ခိုက်ခံရရန် ခက်ခဲပါသည်။ Antivirus အသုံးမပြုရသလောက်ဖြစ်ပါသည်။ Linux သည်လည်း File System မတူခြင်း၊ Error ပေါ်တိုင်း ရေးနိုင်သူများက ပြန်ပြင်ရေးသားခြင်းတို့ကြောင့် Antivirus မသုံးရ သလောက်ဖြစ်ပါသည်။ Linux Version များစွာရှိပါသည်။

Android Phone များသည် Android Programming ကို အသုံးပြုပါသည်။ Android သည် Base System မှာ Linux ဖြစ်ပြီး အပေါ်တွင် Java Code ကို Run ထားပါသည်။

Windows Application များအတွက် Visual Basic.Net, Visual C# စသည်တို့မှာ အသုံးများပါသည်။ Windows Website များအတွက် ASP.Net ကို အသုံးပြုပါသည်။

Apple Application and IPhone Application များအတွက် Objective C ကို အသုံးပြုကြပါသည်။

Linux Website များအတွက် PHP ကိုအသုံးပြုပါသည်။

အချို့ Programming များသည် မည်သည့်စက်တွင်မဆို Run နိုင်ရန် ရေးသား ထားကြပါသည်။ ထို Language များကို Multiplatform Language များဟုခေါ် ပါသည်။ Platform Independence ဟုလည်း ခေါ်ပါသည်။

Example – Java, Python, Qt, etc.

မည်သည့် Program မဆို စက်၏ Memory ပေါ်တွင်သာ Run နိုင်ပြီး စက်ပိတ် လိုက်ပါက Data များ ပျောက်သွားပါမည်။ ထို Data များကို သိမ်းရန် မည်သည့် Programming Language နှင့်မဆို ရေးသားနိုင်သော်လည်း ခက်ခဲပါသည်။ Data ကို အဓိက သိမ်းရန် အခြား Database Software များကို အသုံးပြုကြပါသည်။ ထို Program များတွင်လည်း Programming ရေးသားကာ Data ကို ထိန်းနိုင်ပါသည်။

Windows only database များမှာ Access, Microsoft SQL Server စသည်တို့ဖြစ်ပါသည်။ အခြား Multiplatform Database များမှာ MySQL, Oracle, SQLite စသည်တို့ ဖြစ်ပါသည်။

Website ပေါ်တွင် အသုံးပြုသော Language များမှာ HTML, CSS, Javascript စသည်တို့ဖြစ်ပါသည်။ PHP ကိုသုံးကာ Website အလွယ်ရေးနိုင်ရန် တီ ထွင်ထားသော Tool များမှာ Joomla, Drupal, WordPress စသည်တို့ဖြစ်ပါသည်။ အခြား Programming Language များစွာလည်း ရှိပါသည်။ Tool များမှာ သုံးရလွယ် ကူသော်လည်း လိုချင်သလို မပြင်ဆင်နိုင်ဘဲ ကန့်သက်ချက်များရှိပါသည်။ Programming ရေးသားနိုင်သော နေရာပေါ်မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင် ပါသည်။

Programming

  1. Operating Software

  2. Application Software

  1. Operating Software

  • Windows

  • Apple

  • Linux

  • Chrome

  • Android

  1. Application Software

  • Desktop or Laptop

  • Web

  • Phone

  • Tablet

 

Tags: programming, Ubuntu Myanmar Lo Co Team |

Ubuntu Myanmar LoCo Team

March 17, 2016 chitkoko Leave a comment Community, My Story, Ubuntu, UbuntuMM

Ubuntu Myanmar LoCo Team

Ubuntu Myanmar LoCo Team

Ubuntu Myanmar LoCo Team is an officially verified team by the Ubuntu Council established with the objective of providing support for ease in use of Ubuntu Operating System in Computers across Myanmar.

Ubuntu for Myanmar initiated in 2009 since than, it has been a youth focused organization that has been actively organizing Ubuntu and Open Source Software related events, workshops and offered free classes on Open Source software. It has been praised by the IT communities and portrayed as the most active organization for hosting events frequently.

Ubuntu intermediate class

With the invitation from the Ubuntu Council in late 2010, organization transformed into LoCo Team standing for LoCo community, whose aim is to offer support for Ubuntu locally. The Ubuntu Myanmar LoCo Team has been completely approved for its excellent qualifications by the Ubuntu Community Council on 16 November 2011.

Ubuntu Myanmar LoCo Team is One of the active and officially recognized LoCo team in Asia among the 60 total LoCo teams. A team requires re-approval on every 3 years basis and it is only approved if the team demonstrates its goals clearly and executes a actions to achieve them.

The Myanmar team focuses on distributing, advertising and demonstrating Ubuntu within Myanmar (Burmese). Through the development of our projects we focus on the areas of schools, business and home users.

Please see Flickr Event Photo for the latest news on our activities and events.

For other activities check out our Launchpad Page .

for mor information Ubuntu Myanmar LoCo Team

http://ubuntu-mm.net

http://facebook.com/ubuntumm

http://facebook.com/groups/ubunt4umm

http://flickr.com/groups/ubuntu-mm

https://loco.ubuntu.com/teams/ubuntu-mm

http://wiki.ubuntu.com/MyanmarTeam

for mor information Team Leader

*Ko Ko Ye`*
+95 7989 22022
+95 94500 22022

kokoye2007@gmail.com
kokoye2007@ubuntu.com

skype: kokoye2007
jit.si: kokoye2007 

http://ubuntu-mm.net
http://wiki.ubuntu.com/
http://wiki.ubuntu.com/
http://loco.ubuntu.com/teams/

for more information about me

Chit Ko Ko Win 

09250149874, 09799752460

saintjohn769@ubuntu.com

http://chitkoko.ubuntu-mm.net

fb.com/ChitKoKoWin

https://wiki.ubuntu.com/ChitKoKoWin

84AD DC93 A99F D2C9 46A7  

F3F5 F7BB 5804 D527 BE22

 

 

Tags: community, Office for Ubuntu, Ubuntu Myanmar Lo Co Team, ubuntu myanmar loco team, ubuntu-mm, Ubuntu-MM events, UbuntuMM |

Team Viewer 10 in Ubuntu 15.04

September 7, 2015 chitkoko Leave a comment Installaltion, Software, teanviewer, Ubuntu, Uncategorized

64bit Desktop များတွင် Team Viewer 10 ကို အောက်ပါအတိုင်း လွယ်ကူစွာ တင်နိုင်ပါသည် –
sudo dpkg –add-architecture i386; sudo apt-get update; sudo apt-get install gdebi

sudo apt-get install axel; axel http://downloadap1.teamviewer.com/download/version_10x/teamviewer_10.0.41499_i386.deb; sudo gdebi teamviewer_10.0.41499_i386.deb

install team viewer 10

install team viewer 10

Tags: apt-get, CLI, community, remote desktop, teamviewer, Ubuntu Myanmar Lo Co Team, Ubuntu-MM events, Update |

Windows password remove using Ubuntu USB STICK

July 12, 2015 chitkoko Leave a comment My Story, Software, Ubuntu, Windowspassword

step 1. Create ubuntu usb using unetbootin or yumi.
step 2. Change your C: Partation /Windows/System32/cmd.exe to narrator.exe

And narrator.exe to cmd.exe

Step 3.click narrator.exe and type following

net user “computer name” newpassword

Tags: Chitko, Ubuntu, Ubuntu Myanmar Lo Co Team, UbuntuMM |

whatisUbuntu

July 24, 2014 chitkoko Leave a comment cloud, Community, My Story, Ubuntu, Ubuntu Free Class, Ubuntu mobile, Ubuntu Tablet

Screenshot from 2013-10-24 21:04:31

What is Ubuntu ?

Ubuntu သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးကြီးထွားလာသော Linux-based Operating System တစ်ခုဖြစ်ပါသည်။ Ubuntu ကိုလူသန်းပေါင်းများစွာတို့မှ သုံးစွဲနေကြပါသည်။နိုင်ငံတကာမှ အသုံးပြုနေကြသော developer community လည်းရှိနေပါသည်။

အဘယ့်ကြောင့် Ubuntu ကိုရွေးချယ်ရတာလဲ။

ကျွန်တော်တို့ Ubuntu ကိုဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ ….. Ubuntu ကို အမြဲတမ်းအပြည့်အဝ အခမဲ့ ရရှိပါမည်။

Ubuntu ကိုသင်သည်အလွန်လျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ Ubuntu တွင်ပါဝင်သော လုံခြုံရေးစနစ်သည် အလွန်စိတ်ချ ရပါသည်။

Ubuntu သည် Open Source ဖြစ်ပါသည်။ Ubuntu ကို Desktop များ ၊ Server များ ၊ Cloud Services မျ ားတွင်အသုံးပြုနိုင်ပါသည်။

example:Virtual Private Server VPS

Ubuntu ကို Canonical မှ အထောက်အပံ့ပေးနေပါသည်။ အထောက်အပံ့ပေးနေသူများ၏ အကျွမ်းကျင်ဆုံးဝန်ဆောင်မှုများပါဝင်ပါသည်။

အထူးကျွမ်းကျင်သူများသုံးသည့် Tools များပါဝင်ပါသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ ဝန်ဆောင်မှု များပါဝင်ပါသည်။

ဒါဆိုသင်လဲသုံးကြည့်ပါလား။

DVD တချပ်လောက်ယူပြီး အခမဲ့ လွတ်လပ်ခြင်းရဲ့ အရသာကို မြည်းကြည့်လိုက်ပါ။ Ubuntu တွင် အရာအားလုံးသည် ရိုးရှင်းပါသည်။

Ubuntu သည် အခြားပစ္စည်းများနှင့်လည်း တွဲဖက်သုံးနိုင်ပါသည်။ Ubuntu တွင် email အသုံးပြု ခြင်း၊ Internet အသုံးပြုု ခြင်းတို့ အတွက် Browser ပါဝင်ခြင်းနှင့် Bluetooth ကြိုးမဲ့ချိတ်ဆက် ခြင်း တို့ကို အသုံးပြုနိုင် ပါသည်။ Ubuntu တွင် လွယ်ကူ မြန်ဆန်စွာ အသုံးပြု နိုင် ပါသည်။Ubuntu တွင် အလွန်လျင်မြန်ပြီး လုံခြုံ စိတ်ချရသော Browser ကိုအသုံး ပြုနိုင်ပါသည်။ Ubuntu တွင်professional ဆန်သော စာ ရွက်စာတမ်း များကိုဖန်တီးနိုင်ပါသည်။ Ubuntu ရှိဖိုင်များကို PC နှင့် Macတို့တွင်ပြောင်းလဲသုံးနိုင်ပါသည်။ သင်၏ devices များအားလုံးနှင့် ချိတ်ဆက် သုံးနိုင်ပါသည်။

Virus free ဆိုသည့်အတိုင်း Virus များသင့်ကို အနှောက်အယှက် မပေးနိုင်တာ ဂုဏ်ယူစရာပါ။

ကြိမ်ဖန်များစွာပေးသော updates များကို အခမဲ့ လွတ်လပ်စွာဖြင့်ရယူနိုင်သဖြင့် သင်၏စက်ကို အမြဲတမ်း up to date ဖြစ်နေစေပါသည်။ ဓါတ်ပုံများကို အလွယ်တကူစီမံခန့်ခွဲနိုင်ခြင်း၊ ပြု ပြင်နိုင်ခြင်း ၊ပြန်လည်ဝေမျှ နိုင်ခြင်းတို့ကိုလွယ်ကူစွာပြုလုပ်နိုင်သည်။

Ubuntu Myanmar LoCo Team သည် Ubuntu Operating System အား မြန်မာနိုင်ငံ အနှံအပြားမှ Computer အသုံးပြုနေသူများ အလွယ်တကူ သုံးစွဲနိုင်ရန်အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး Ubuntu Council မှ တရားဝင်အသိအမှတ်ပြု LoCo Team တစ်ခုဖြစ်ပါသည်။

Team တစ်ခုသည် (၃) နှစ်လျှင်တစ်ကြိမ် ပြန်လည် Re-Approve ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီးTeam တခု၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များကို အစဉ်တစိုက်လုပ်ဆောင်နိုင် (ဝါ) ဖော်ပြနိုင်မှသာ Active ဖြစ်ပြီး Ubuntu Council မှ တရားဝင် LoCo Team အဖြစ်အသိအမှတ်ပြုမည်ဖြစ်ပါသည်။ ၂၀.၁၁.၂၀၁၃ ရက်နေ့တွင် Re-Approve ကို ပြန်လည်လျှောက်ထားရာ Ubuntu loco Council မှ ကန့်ကွက်မဲမရှိ၊ ၁၀၀ % ထောက်ခံပြီး တရားဝင်ဆက်လက်အသိအမှတ်ပြု ခဲ့ပြီး ဖြစ်ပါသည်။

Asia မှ loco team ပေါင်း ၄၂ သင်းတွင် ၈သင်းသာ Approved ဖြစ်၍ Ubuntu Myanmar LoCo Team သည် Active အဖြစ်ဆုံးဖြစ်ပါသည်။ ကျွနု်ပ်တို့နဲ့အတူပူးပေါင်းလိုပါသလား။

Ubuntu OS ကို မြန်မာလိုဘာသာဖြင့် သင်အသုံးပြုလိုပါသလား ။

Ubuntu OS ကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်ပါသည်။ ၁၀၀ % အပြည့်အ၀ မပြီးစီးသောလည်း သင်တို့မှပါဝင် ပူးပေါင်းဆောင်ရွက်ပါက ပြီးစီးနိုင်ပါသည် ။ ပါဝင်ကူညီလိုပါက သင့်တွင် launchpad account တစ်ခုရှိ ရန် လိုအပ်ပြီး https://launchpad.net/~ubuntu-l10n-my တွင် အကြံဉာဏ်ပေးခြင်း ၊ အတည်ပြုခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည် ။

ubuntu myanmar tux logo

https://launchpad.net/~ubuntu-mm

http://ubuntu-mm.net

http://ask.ubuntu-mm.net

http://social.ubuntu-mm.net

http://facebook.com/ubuntumm

https://loco.ubuntu.com/teams/ubuntu-mm

http://wiki.ubuntu.com/MyanmarTeam

https://launchpad.net/~ubuntu-l10n-my

 Email – info @ubuntu-mm.net

Phone – 09 450 022 022

 

Tags: community, events, Ubuntu, Ubuntu Myanmar Lo Co Team, ubuntu-mm, Ubuntu-MM events, UbuntuMM |

our community our team

November 20, 2013 chitkoko 7 Comments Community

Hello, Ubuntu Myanmar LoCo Team…..

This morning was very pleasant day for all of your work done. Our team was reapproved this morning 2:00AM Myanmar Time for next couple of year.

our community our team

 

See our Ubuntu loco team portal . Verified loco team was with coloured . All of our success was all of your contribution .

Last night , we special thanks to  Ko Ko Ye who working hard in our team , heinhtet who treat us foods and internet connection and Ethan Kurt who help documentation  for  Team . And than  thohi who rent unofficial office in 2012-2013 for us , pyaesone  who translation in Myanmar Ubuntu Translation project , Naing Ye Min who coding us for my-fs-cli and other softwares , Sai Mawn Kham  who worked for Ubuntu Shan Loco Team , Htut Myat who worked for Mandalay Ubuntu User Group , CoHein who worked for Mandalay Ubuntu User Group , Saw Khaing who worked for Mandalay Ubuntu User Group  and Negative Thunder who worked for Mandalay Ubuntu User Group  .  We can’t success without you guy . For the past , we done with you and for the future please more contribute to our team if you guy got a chance . In our team , I am very poor in coding but try to writing articles and help people to use Ubuntu in Myanmar .

Roadmap

  • To expand
    • the ubuntu users community in our country
    • planning local FOSS conferences in this year
    • Yangon City Development Committee (YCDC)

    This event was the one of our milestone in our Roadmap. YCDC has completly change the Ubuntu OS and we were act as the instructor at there.

*To provide technical support and teaching about ubuntu by opening Ubuntu Introduction Courses.

  • Note: :Since internet connection in our country is terribly slow, we’ll provide local repository servers in numerous places, to provide offline installation and updating.
  • To publish a weekly journal about Ubuntu with Internet Journal.
  • Ubuntu user guides for every new Ubuntu user from Myanmar
  • Making tutorial videos for local ubuntu users.

Translation and Localization

We had finished Ubuntu version 11.04 / 12.04 in Burmese Language. Our team is currently trying to work on Ubuntu Burmese Localization  .

We welcome you to join us on…

https://launchpad.net/~ubuntu-mm

http://ubuntu-mm.net

http://ask.ubuntu-mm.net

http://social.ubuntu-mm.net

http://facebook.com/ubuntumm

https://loco.ubuntu.com/teams/ubuntu-mm

http://wiki.ubuntu.com/MyanmarTeam

https://launchpad.net/~ubuntu-l10n-my 

Sayartaw Sao Su Kham was always help us in Shan State .ဤနေရာမှ ဦးတင်ပါ၏ဘုရား ။

 

Ubuntu Touch in Shan State

Ubuntu Touch in Shan State

Thank you for your contribution in our country Mr Jouni Helminen .

Ubuntu Touch in YANGON

Net pro Ubuntu Intermediate Class

Mandalay Ubuntu Intermediate Class

Bro Ye Gyi was always help our Team. Check this out!

With best wishes to all…

keep learning keep sharing….

 

 

Tags: community, loco, Office for Ubuntu, translation, Ubuntu Myanmar Lo Co Team, ubuntu-mm, Ubuntu-MM events |

Easy Raspberry Pi Setup Guide for MYANMAR

August 20, 2013 chitkoko 3 Comments Community, Installaltion, My Story, Raspberry Pi

Raspberry Pi Setup Guide

Raspberry_Pi_Logo.svg

Raspberry Pi ဆိုသည်မှာ credit size သာသာရှိသော single board computer တစ်ခုဖြစ်ပြီး ကျောင်းများတွင် computer science များ သင်ကြားရာတွင်ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် UK ရှိ Raspberry Pi Foundation မှစတင်ခဲ့ ပါသည်၊စတင်ထုတ်လုပ်ပြီးနောက် ပိုမို အသုံးတည့် သဖြင့်သုံးစွဲသူများ စွာရှိခဲ့ပါ သည်။ထွက်ရှိခဲ့သော အမျိုးအစား နှစ်မျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်-

Specifications

Note, the Compute module column refers to the bare Compute module, not connected to any IO board.

Feature Model A Model B Model A+ Model B+ Compute Module
BRCM2835 SoC Yes Yes Yes Yes Yes
Standard SoC Speed 700Mhz 700Mhz 700Mhz 700Mhz 700Mhz
RAM 256MB 512MB* 256MB 512MB 512MB
Storage Full SD Full SD Micro SD Micro SD 4GB eMMC
Ethernet 10/100 No Yes No Yes No
HDMI output port Yes Yes Yes Yes Yes
Composite video output Yes Yes On 3.5mm jack On 3.5mm jack Yes
Number of USB2.0 ports 1 2 1 4 1
Expansion header 26 26 40 40 N/A
Number of available GPIO 17 17 26 26 48
3.5mm audio jack Yes Yes Audio/Video Audio/Video N/A
Number of camera interface ports (CSI-2) 1 1 1 1 2
Number of LCD display interface ports (DSI) 1 1 1 1 2
Power (bare, approx, 5v) 300mA, 1.5W 700mA, 3.5W 650mA, 3W
Size 85 x 56 x 15mm 85 x 56 x 17mm 65 x 56 x 12mm 85 x 56 x 17mm 62 x 30 x 3mm
  • Early Model B boards had 256MB RAM
  • credit to raspberrypi.org

Raspberry Pi Setup

သင်အသုံးပြုလိုသော ဆက်စပ်သုံးပစ္စည်းများပေါ်မူတည်၍ Raspberry Pi ကို တပ်ဆင်အသုံးပြု

နည်းများစွာ ရှိပါသည်။

Power (ပါဝါ)Raspberry Pi အတွက် အသုံးပြုသော power connector

( ပါဝါကြိုး ) သည် smart phone စမတ်ဖုန်း များတွင် အသုံးများသော micro USB power connector ကိုအသုံးပြုထားပါသည်။အသုံးပြုရမည့် PSU ( power supply unit ) မှာ5V နှင့်700mA (0.7A) ခန့် ရှိရမည်။ အသုံးများ သော PSU များတွင် အထောက်အပံ့ပေးသော mA တို့ကို PSU unit တို့တွင်ရေးမှတ်ထားလေ့ရှိသည်။2000mA(2.0A) ထိအထောက်အပံ့ပေးသည်ကိုတွေ ့ရသည်။

Screenshot from 2015-10-18 06:53:47Power adapter

USB

Raspberry Pi တွင်ပါဝင်သော USB ports များသည် ပါဝါများများသုံးသော devices များကို အသုံးမပြုနိုင်ပဲ ၊ ပါဝါအစားနည်းသော devices များ (~100mA) ကိုသာအသုံးပြုနိုင်မည်။ ထိုကြောင့်  အခြားဆက်စပ် အသုံးပြုလိုသောအတွက် လုံလောက်သော power ကိုရရှိအသုံးပြုနိုင်ရန်အတွက် raspberry pi ရှိ USB port တွင် ချိတ်ဆက်အသုံးပြုရမည့် USB HUB သည်သီးခြားပါဝါ အသုံးပြုရန် အတွက် ညွှန်ကြားထားပါသည် ။Screenshot from 2015-10-18 06:54:10USB connector

Control

Raspberry Pi ကို တိုက်ရိုက် control လုပ်ရမည့် ဆက်စပ်ပစ္စည်းများမှာ Mouse နှင့် Keyboard တို့ဖြစ်ပါသည်။ ထိုကဲ့သို့အသုံးပြုနိုင်ရန်အတွက် wireless စနစ်သုံး သို့ standard USB mouse နှင့် keyboard တို့ကိုအသုံးပြုရမည်။ PS2 mouse နှင့် keyboard တို့ကိုအသုံးပြုမည် ဆိုလျှင်  USB adapter ကြားခံပစ္စည်း လိုအပ် မည်ဖြစ်သည် ။

အကယ်၍ bluetooth စနစ်သုံး mouse နှင့် keyboard တို့ကိုအသုံးပြုမည်ဆိုပါက အဆိုပါပစ္စည်းများကို ချိတ်ဆက်အသုံးပြုနိုင်ရန် တန်ဖိုးနည်း Bluetooth USB adapter လိုအပ်ပြီး ချိတ်ဆက်သုံးစွဲနိုင်ရန် setup ပြုလုပ်ရမည်ဖြစ်သည်။

Wireless Keyboard and Mouse

Display

Display ကိုအသုံးပြုရန် သင်အတွက်အဆင်ပြေနိုင်သော ပစ္စည်း (TV/LCD monitor )တို့ကိုသုံးနိုင်ပါသည် ။TVများတွင် HDMI connection အပေါက်များ နှင့် အသစ်ထွက် LCD Monitor များတွင် DVI connection အပေါက်များ ပါရှိပြီး HDMI to DVI adaptor ကိုသင်သုံးစွဲရမည်ဖြစ်ပါသည်။

HDMI to DVI Adaptor / Cables ရွေးချယ်လျှင်သတိထားရမည့်အချက်မှာ-

photo credit to Networktechinc

DVI ports များစွာရှိသည့်အထဲတွင် ပုံတွင်ဖော်ပြထားသည့် DVI-D type( အမှန်ခြစ် ) သည် monitor များစွာတွင်အထောက်အပံ့ပေးသည်။အပေါက်လေးပေါက်ပါ DVI-A/DVI-I type ( အမှားခြစ်)ကိုမူ ယင်း type ကိုအထောက်အပံ့ပေးသော monitor တို့တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။

Tip : ဆက်စပ်သုံးစွဲမည့် ပစ္စည်းများကိုRaspberry Pi နှင့် connection သေချာချိတ်ဆက်ပြီးမှpower on ပါ။သင်အသုံးပြုမည့် Display နှင့်SDcard တို့အား ချိတ်ဆက်ခြင်း၊ ချိတ်ဆက်မှုဖြုတ်လိုသည့် အခါတိုင်း power ကိုဦးစွာ ပိတ်ပြီးမှ ပြုလုပ်ပါရန် ညွှန်ကြားပါသည်။

HDMI to DVI adapter

HDMI to VGAကို အသုံးပြုလိုပါက အသုံးပြုနိုင်ပါသည်။ များသောအားဖြင့်ယင်းကြိုးတို့သည် ဈေးကြီးပါသည် ။ A passive HDMI/DVI to VGA adapter သည် Raspberry Pi တွင်အလုပ်မ လုပ်ခြင်းမှာ လိုအပ်သော Analogue signals များကို  Raspberry Pi  မှ generated မလုပ်နိုင်သောကြောင့် ဖြစ်သည်။

HDMI to VGA

Analogue RCA output သည် TV အဟောင်းများ ၊ screen အသေးများနှင့် video capture devicesများကိုချိတ်ဆက် အသုံးပြုနိုင်ပါသည်။ အခြေခံအသုံးပြုမည့်သူများအတွက် 640*480 resolution သည် သင့်တော်ပါသည်။ကြိုးနှစ်မျိုးလုံးကိုချိတ်ဆက်ထားပါ RaspberryPi  မှ HDMI ကို default အဖြစ်သာရွေး ချယ်ပါမည်။

Internet Connection

အလွယ်ကူဆုံးနည်းလမ်း တစ်ခုအနေဖြင့် Internet Connectionချိတ်ဆက်လိုလျှင် RJ45 network ကြိုး ဖြင့် သင်၏ router သို့ modem  အား ချိတ်ဆက်နိုင်ပြီး USB Wifi dongle အသုံးပြု၍ Wifi connection ကိုချိတ်ဆက်လိုပါကလည်း setup ပြုလုပ်ရမည်ဖြစ်သည်။

RJ45

 

Wifi Dongle

Basic Equipment ( အခြေခံလိုအပ်သောပစ္စည်းများ)

၁။ Micro USB Charger ( အနည်းဆုံးပါဝါ လိုအပ်ချက် 5V 700mA ) နှင့် micro USB cable တို့လိုအပ်ပါသည်။

၂။ SD Card ( 2Gb အထက် မှ SDHC 32Gb ) Class 4 recommand နှင့် card reader

၃။ Display အတွက်သင်အသုံးပြုလိုသောစက်အတွက် cable သို့  HDMI Cable

၄။ Mouse နှင့် Keyboard ( wireless or wired )

၅။ ပါဝါသီးသန့်ပေး၍ရသောUSB HUB ( USB devices များကို အမြင့်ဆုံးပါဝါ ပေးနိုင်သည်ကိုညွှန်ကြားသည်။)

၆။ Network Cable နှင့် အသံအတွက် audio ကြိုး

Recommended Hardware များကိုအောက်ဖော်ပြပါ site တွင် ကြည့်နိုင်ပါသည်။

–  http://elinux.org/RPi_VerifiedPeripherals

Example Hardware Setup

HDTV Setup

HDTV setup from 2013-08-26 15:20:57

A . Power : Micro USB Charger

B. SD Card : Standard Size SD Card

C. HDMI : Connected to HD TV HDMI input for 1080p & digital audio

D. LAN : Wire connection to network hub/ Switch

E. USB : Wirelwss RF Dongle for Mouse and Keyboard

LCD Monitor Setup
LCD monitor set up 2013-08-26 15:21:30

A . Power : Micro USB Charger

B. SD Card : Micro SD Card with Full Size Adapter

C. HDMI : Connected to HDMI to DVI-D adaptor, then into momitor DVI input for 1080p (no audio)

D. LAN : Wire connection to network hub/ Switch

E. USB : USB Mouse and USB Keyboard

F. Audio : 3.5mm Audio out to speakers/ headphones

Video Out Setup

video Out from 2013-08-26 15:27:42

A . Power : Micro USB Charger / High Capacity Mobile Battery (rated output at 5V 700mA or more )

B. SD Card : Micro SD Card with Full Size Adapter

C. RCA Video : Connected to connected toeither TV In/SCart adaptor (European-TV connection )/ USB Video Capture Device

D. LAN : Wire connection to network hub/ Switch

E. USB : USB Mouse and USB Keyboard or Bluetooth/Wirelwss RF Dongle for Mouse and Keyboard

F. Audio : 3.5mm Audio out to speakers/ headphones

SDCard Setup

Raspberry Pi website မှ download ပြုလုပ်ပါက -

RPI download 1_ 2013-08-26 15:58:15Wheezyfor Pi 2013-08-26 16:00:00

Raw Image 2013-08-26 15:59:34

Wheezyfor Pi 2013-08-26 16:00:00

Pidora & Arch 2013-08-26 16:00:35

Risc for Pi 2013-08-26 16:00:58

  • http://www.raspberrypi.org/downloads Download စာမျက်နှာ တွင်သင်အသုံးပြုလို၍ download လုပ်ထားသော ( OS file size ) OSဖိုင်ဆိုဒ် ပြည့်ခြင်း ၊ ပျက်စီးမှုရှိ–မရှိ စစ်ဆေးရန် (using SHA-1 checksums) ကိုအသုံးပြုရန် တိုက်တွန်း ညွှန်ပြထားပါသည်။

  • သင်အသုံးပြုလို၍ download လုပ်ထားသော OS အတွက် user name နှင့်password တို့ကိုပါ ရေးမှတ်ထားသင့်ပါသည်။

မှတ်ချက် ။ ။ သင်လိုအပ်သည်မှာ-

  • SDCard 2Gb သို့ 2Gb ထက်ပိုသော ( သင်အသုံးပြုလိုသော OS နှင့် အခြားလိုအပ်ချက်များ)

  • SD Card Reader

  • Linux/ Windows အသုံးပြုနိုင်သော ကွန်ပျူတာမှလည်း SD card သို့ မိမိအသုံးပြုလိုသော operating system ကို ထည့်သွင်းနိုင်ပါသည်။

အောက်ဖော်ပြပါ instructions သည် debian6-19-04-2012.zip ကို ပြုလုပ်ခြင်းဖြစ်ပါသည်။

SD card setup with Windows ( Windows မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

(၁) ဦးစွာပထမ operating system zip ဖိုင်ကို download ပြုလုပ်ပါ ။

(၂) ပြီးနောက် zip file ကို ဖြေပါ။ tar/bz2 ဖိုင်ဖြေရန်အတွက် Pea Zip ကို www.peazip.com တွင်ရယူအသုံးပြုနိုင်ပါသည်။

(၃) extract ပြုလုပ်ပြီးနောက် .img (2Gb) ပမာဏရှိသော ဖိုင်ကို ရရှိမည်။

(၄) .img ဖိုင် ကို SD card အတွင်းထည့်သွင်းနိုင်ရန်အတွက် Window32DiskImager ကိုhttp://www.raspberrypi.org/downloads သို့

http://sourceforge.net/projects/win32diskimager/files/latest/download တွင်ရယူအသုံးပြုနိုင်ပါသည်။

(၅) မှတ်ချက် ။ အခြား sd card များ ၊memory stick များကို ဖြုတ်ထားပါ။မှားယွင်း၍ format ရိုက် မိမည့်အတွက်ဖြစ်ပါသည်။

သင်၏ sd card ကို card reader အတွင်းသို့ထည့်ပြီးနောက်

သင်extract ပြုလုပ်ထားသော .img ဖိုင်ကိုရွေး၍ အသုံးပြုနိုင်ပါသည်။

သင်ထည့်သွင်းလိုသော sd card ၏ Drive letter ကိုရွေးပါ ။အဆိုပါ လုပ်ဆောင်ချက် သည် သင်၏ sd card ရှိ data များအားဖျက်လိုက်မည် ဖြစ်သည်။

write ကိုနှိပ်ပြီးနောက်သင်၏ sd card အတွင်း program မှ OS ကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

Writing an SD card from OSX (MAC OSX မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

SD card Set up from MAC

၁။Terminal Utility ကို/Applications/Utilities တို့မှတဆင့် ဝင်ရောက်

၍ command line prompt အသုံးပြုရန်အတွက် ဖွင့်ပါ ။

၂။ သင်၏ SD card ကို ကွန်ပျူတာအတွင်းသို့ မထည့် ထားပဲ CLI တွင် df -h ဟုရိုက်ပါက df program မှ သင့်ကွန်ပျူတာအတွင်းရှိ Harddisk volumes နှင့် free space ပမာဏ တို့ကိုသေချာစွာ ရေးမှတ်ထားပါ။

၃။ ယခု SD card ကို ထည့်ပြီးနောက် df -h ဟုထပ်မံရိုက်ပါ ။

၄။ ယခင် SD card မထည့်မှီ နှင့် ထည့်ပြီးနောက် ဖော်ပြသော ကွာခြားချက်တို့ကို စစ်ဆေးပြီးနောက် သင် SD card ၏ ပမာဏ နှင့် အမည် တို့ကို သင်တွေ့ရမည်။ ဥပမာ – /Volumes/Untitled အနေဖြင့် mount နေပြီး ၊ device ၏အမည်ကို /dev/disk3s1ဟု သင်မြင်ရမည်။သင့် SD card အမည်နှင့် volume တို့ကို ရေးမှတ်ထားပါ။

၅။SD card အတွင်း OS ထည့်သွင်းခြင်းမပြုမှီ unmount ပြန်လုပ်ရမည် ။unmount ပြုလုပ်ရန် အတွက် –

sudo diskutil unmount /dev/disk3s1

(မှတ်ချက်။ ။ /dev/disk3s1 နေရာတွင် သင်ခုနကရေးမှတ်ထားသော သင့် SD card ၏ အမည်ကို ရေးပါ။) အထက်ပါ command line သို့ Disk Utility ကိုအသုံးပြု၍ လည်း သင် unmount ပြုလုပ်နိုင်သည်။

၆။ /dev/disk3s1 နေရာတွင် /dev/rdisk3 ဟုအမည်ပြောင်းပါ ။ယခုလိုအမည်ပြောင်းရာတွင် အရေးအကြီးဆုံး မှာ SD card အမည် ကိုသေချာစွာ df -h ဟုထပ်မံရိုက် စစ်ဆေးပြီးမှသာပြုလုပ် သင့်ပါသည်။*****သင်မှားယွင်း၍ သင်၏ hard drive ကို ပြုလုပ်မိပါက data များပျောက် ဆုံးနိုင်ပါသည်။*****

၇။ သင့်ကွန်ပျူတာ၏ home directory အတွင်း သို့ image file ကိုထားပါ။ သင်ယခု Unix utility တစ်ခုဖြစ်သော dd command ကိုအသုံးပြု၍ .img ဖိုင်ကို SD card အတွင်းသို့ကူးထည့်မည်။

အောက်ဖော်ပြပါ command ကိုသုံးပါမည်။

sudo dd bs=1m if=~/2013-09-18-wheezy-raspbian.img of=/dev/rdisk3

sudo = Super User Do as root user

dd = Unix utility command

bs=1m = ကူးယူမည့်နှုန်း 1m သည် 1MB ကို ရည်ညွှန်းသည်

if=~/2013-09-18-wheezy-raspbian.img = input file source

of=/dev/rdisk3 = output file source

၈။ image ဖိုင်ကူးယူရန်မိနစ်အနည်းငယ်ကြာပါမည်။ ကူးရေးပြီးနောက် status ပြပြီးနောက်သင့် SD card ကို စတင်၍ Raspberry Pi တွင်တပ်ဆင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။

Writing an SD card from Linux ( Linux မှ SD ကဒ်အတွင်းသို့ ရေးထည့်ခြင်း )

SD card Setup from Ubuntu from 2013-08-26 15:49:30

၁။Terminal Utility ကို/Applications/Utilitiesတို့မှတဆင့် ဝင်ရောက်

၍ command line prompt အသုံးပြုရန်အတွက် ဖွင့်ပါ ။(Ctrl+Alt+T)

၂။ သင်၏ SD card ကို ကွန်ပျူတာအတွင်းသို့ မထည့် ထားပဲ CLI တွင် df -hဟုရိုက်ပါက df program မှ သင့်ကွန်ပျူတာအတွင်းရှိ Harddisk volumes နှင့် free space ပမာဏ တို့ကိုသေချာစွာ ရေးမှတ်ထားပါ။

၃။ ယခု SD card ကို ထည့်ပြီးနောက် df -h ဟုထပ်မံရိုက်ပါ ။

၄။ ယခင် SD card မထည့်မှီ နှင့် ထည့်ပြီးနောက် ဖော်ပြသော ကွာခြားချက်တို့ကို စစ်ဆေးပြီးနောက် သင် SD card ၏ ပမာဏ နှင့် အမည် တို့ကို သင်တွေ့ရမည်။ ဥပမာ – /media/DATA အနေဖြင့် mount နေပြီး ၊ device ၏အမည်ကို /dev/sdb1ဟု သင်မြင်ရမည်။သင့် SD card အမည်နှင့် volume တို့ကို ရေးမှတ်ထားပါ။

၅။SD card အတွင်း OS ထည့်သွင်းခြင်းမပြုမှီ unmount ပြန်လုပ်ရမည် ။unmount ပြုလုပ်ရန် အတွက် –

sudo umount /dev/sdb1

(မှတ်ချက်။ ။ /dev/sdb1 နေရာတွင် သင်ခုနကရေးမှတ်ထားသော သင့် SD card ၏ အမည်ကို ရေးပါ။) အထက်ပါ command line သို့ Disk Utility ကိုအသုံးပြု၍ လည်း သင် unmount ပြုလုပ်နိုင်သည်။

၆။သေချာစွာ df -h ဟုထပ်မံရိုက် စစ်ဆေးပြီးမှသာပြုလုပ် သင့်ပါသည်။*****သင်မှားယွင်း၍ သင်၏ hard drive ကို ပြုလုပ်မိပါက data များပျောက် ဆုံးနိုင်ပါသည်။*****

၇။ သင့်ကွန်ပျူတာ၏ home directory အတွင်း သို့ image file ကိုထားပါ။ သင်ယခု Unix utility တစ်ခုဖြစ်သော dd command ကိုအသုံးပြု၍ .img ဖိုင်ကို SD card အတွင်းသို့ကူးထည့်မည်။

အောက်ဖော်ပြပါ command ကိုသုံးပါမည်။

sudo dd bs=1m if=~/2013-09-18-wheezy-raspbian.img of=/dev/sdb

Ubuntu OS အသုံးပြုသူများအနေဖြင့် ImageWriter အမည်ဖြင့် Ubuntu Software Center တွင်ရှာဖွေ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

let me introduce my Pi Testing at Home video

http://youtu.be/CNNc8d9-vOA

http://youtu.be/SxIptd-cXrY

Have a nice day …

Chit Ko Ko Win

saintjohn769@ubuntu.com

http://chitkoko.ubuntu-mm.net , www.chitkokowin.com

http://ask.ubuntu-mm.net

Tags: Pi4apps, PiSetup, RaspberryPi, RPI, Software, Ubuntu Myanmar Lo Co Team, ubuntu-mm |

Ubuntu-MM 1212 (Goodbye2012)

December 28, 2012 chitkoko 2 Comments Ubuntu Free Class

Hello , Ubuntu lovers…,

Yesterday Our team held Ubuntu-MM 1212 ( goodbye2012)  events @ work4U603338_10200154222647520_120727795_n

also known as where we hang out,  meeting , chatting and many many more….

@5:00pm- I try to help how to install ubuntu 12.04 LTS and giving some bulls**t to attendences .After that I introduced to our Team Leader Ko Ko Ye, Tho Hi, Ethan Kurt and Ye Thu Soe.

@5:45pm  – Our team leader start explain about……….

Ubuntu 12.10 Installation using and 13.04 Alpha Introduce.

DVD Distribution, Handbook Distribution, (free and freedom)

Become Ubuntu User, Bug Reporter, Translator, Developer with LoCo Team

@ 7:15 pm Ethan Kurt introducing about Ubuntu 12.10  installation and explain about our loco community how we help to ppl @ facebook and launchpad.

@7:40 pm our team leader say thank you to all and say goodbye and see you tommorrow .

P.s…Special thanks to Mr. Thohi who buying chair for attendences and Mr Ye Thu Soe who go and take projector. And thank you all of my Ubuntu Lovers…

with best wishes………mhwar…mhwar…..mhwar…..

Tags: Ubuntu Myanmar Lo Co Team, Ubuntu-MM events |

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

Subscribe

  • Entries (RSS)
  • Comments (RSS)

Pages

  • Ubuntu One FREE for everyone

Archives

  • July 2017
  • March 2017
  • July 2016
  • April 2016
  • March 2016
  • February 2016
  • September 2015
  • July 2015
  • July 2014
  • April 2014
  • February 2014
  • December 2013
  • November 2013
  • October 2013
  • September 2013
  • August 2013
  • July 2013
  • March 2013
  • February 2013
  • January 2013
  • December 2012

Categories

  • cloud (2)
  • Community (10)
  • Creation (1)
  • CreativeCommon (1)
  • DIY (1)
  • install20things (4)
  • Installaltion (21)
  • Kernel (2)
  • Learning (1)
  • License (1)
  • My Story (6)
  • nitro share (1)
  • PI backup (1)
  • Programming (1)
  • Raspberry Pi (5)
  • RPI OS (1)
  • sh (1)
  • Software (18)
  • teanviewer (1)
  • Ubuntu (6)
  • Ubuntu Free Class (2)
  • Ubuntu mobile (5)
  • Ubuntu Tablet (5)
  • UbuntuMM (5)
  • Uncategorized (9)
  • Windowspassword (1)

WordPress

  • Log in
  • WordPress

CyberChimps WordPress Themes

© Ubuntu-mm Sites/ck