facebook messengerတို့Google Talk တို့စတဲ့ Chat Service တွေကို Terminal ကနေအသုံးပြုချင်သူတွေအတွက် (သို့မဟုတ်) CLI နဲ့သုံးရတာကို ပိုမို နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် Finch လို့ခေါ်တဲ့ Terminal-Based Chat Client နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Finch ကို install လုပ်ဖို့Terminal မှာ
sudo apt-get install finch
(CLI ပုံစံနဲ့အပြည့်အဝသုံးချင်ရင်တော့ Ctrl+Alt+F1 နှိပ်ပါ။ User name နဲ့Password ကိုဖြည့်ပါ။ GUI မပါပဲသုံးတာဖြစ်ပါတယ်။)
ကဲ install လုပ်တာပြီးဆုံးသွားပြီဆိုရင် Terminal မှာ finch လို့ရိုက်လိုက်ပါ။ Finch ရဲ့ TUI (text user interface) ထဲကိုရောက်သွားပါမယ်၊
For Facebook
အောက်ပါတိုင်းဖြည့်ပေးပါ။
1. Protocol = XMPP
2. Username: facebook.user.name
3. Domain: chat.facebook.com
4. Password: facebookpassword
5. Alias: your nickname
6. connect port: 5222
7. connect server chat.facebook.com
For Google Talk
- Username: your user name
- Domain: gmail.com
- Password: your password
- Connect port: 5222
- Connect server: gmail.com
Finch မှာ Mouse အသုံးပြုမယ်ဆိုရင် terminal မှာ
gedit ~/.gntrc (or) nano ~/.gntrc
gedit ကသုံးရတာလွယ်ကူပါတယ်။ gedit မှာ အောက်ပါအတိုင်းရေးထည့်ပေးပါ။ ပြီးရင် save ပါ။
[general]
mouse = 1
Mouse အသုံးပြုလို့ရပါပြီ… .
Alt+a (menu)
Alt+m (move)
Alt+c (close)
Alt+n/p (next window)