Ubuntu 19.10 (Eoan Ermine)

333

Ubuntu 19.10 Code Name – Eoan Ermine လို့ နာမည်ပေးထားတဲ့ Version အသစ်ဟာ ယခုလ ၁၇ ရက်နေ့ မှာ stable ထွက်လာတော့မှာဖြစ်ပါတယ် Beta Version ကို စမ်းသပ်ချင်ရင်တော့ ဒီမှာ ISO Download ပြုလုပ်လို့ရပါတယ်။

ယခု Update မှာ ပြောင်းလဲသွားတဲ့ Feature များကတော့

Faster boot

Ubuntu 19.10 မှာ LZ4 compression algorithms ကို သုံးထားလို့ Booting time ဟာ အရင် version များထက် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။

GNOME 3.34

GNOME 3.34 မှာ Performance နဲ့ Visual တွေပြောင်းလဲထားပါတယ်။ Lock Screen & Wallpaper ကို ဆတစ်ပြိုင်ထဲ ပြောင်းလဲသွားတာက သိသာတဲ့ အချက်ဖြစ်ပါတယ်။

Night Light ကို လည်း New Tab အနေနဲ ခွဲထုတ်လိုက်ပါတယ်။ Location Service တွေပိတ်ထားရင်တောင်သုံးလို့ ရနေပါတယ်။

နောက်ထက်ပါလာတဲ့ တစ်ခုက App တွေကို Group တွေခွဲထားနိုင်တာဖြစ်ပါတယ်။ Group တွေခွဲထားနိုင်ပေမဲ group name ကို တော့ စိတ်ကြိုက်ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး.။

Yaru ( Dark and Light )

Default Theme ဖြစ်တဲ့ Yaru မှာ top panel က Dark ဖြစ်ပြီး Application windows တွေက Light ဖြစ်နေပါတယ်။

အခု Dark ကိုပြောင်းလိုက်ရင် Application windows တွေပါ Dark ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Application တိုင်းတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုက Ubuntu ရဲ့ နောင်လာမဲ့ Update တွေမှာ 32 Bit version လာတော့မှာ မဟုတ်ပါဘူး။

နောက်ထပ်ပြောင်းလဲသွာတာတွေကတော့

GCC 9

Python 3.7

Open JDK 11

Golang 1.12 တို့ပဲဖြစ်ပါတယ်။

Ref : itsfoss.com

ယခု လာမဲ့ အောက်တိုဘာ ၂၀ မှာ Release party ရှိပါတယ်

Event Link >> https://www.facebook.com/events/401159594115829/

Copywriter: Pyae Phyo Hein